ပဲခူးမြို့နယ်အတွင်းရှိ သဘာဝမြေဩဇာစက်ရုံ သုံးရုံမှ သဘာဝမြေဩဇာများ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ

 

ပဲခူး    ဩဂုတ်    ၃၁


ပဲခူးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်   တာဝန်ရှိ သူများနှင့်အတူ ယနေ့ နံနက်ပိုင်း တွင်   မွေးမြူရေးခြံများမှ  ထွက်ရှိ သော   ကြက်ချေးဖြင့်   သဘာဝ မြေဩဇာ     ထုတ်လုပ်နေသော ပဲခူးမြို့နယ်     ကမာနတ်ကျေးရွာ အုပ်စုရှိ Myanmar Agro Eagle Co., Ltd ၊ ထန်းပင်ချောင်ကျေးရွာ အုပ်စုရှိ CPP Myat Min Agro Co., Ltd နှင့် အင်းတကော်မြို့ရှိ Royal Green  Smart  Co., Ltd  တို့မှ အော်ဂဲနစ်မြေဩဇာ   ထုတ်လုပ် သည့်   စက်ရုံများသို့    ကြည့်ရှု စစ်ဆေးရာ စက်ရုံတာဝန်ခံများက  အော်ဂဲနစ်မြေဩဇာထုတ်လုပ်မှု အဆင့်ဆင့်၊    ပါဝင်ပစ္စည်းများ နှင့် ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြကြသည်။

 


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍     တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း      ဆောင်ရွက်ပေးပြီး အော်ဂဲနစ်မြေဩဇာ    ထုတ်လုပ် နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 


   ပဲခူးမြို့နယ်အတွင်း သဘာဝ မြေဩဇာစက်ရုံ       သုံးရုံရှိပြီး တစ်ရက်လျှင်   တန် ၉၀ ကျော် ထွက်ရှိကာ  ပါဝင်ပစ္စည်းအပေါ် မူတည်၍ မြေဩဇာတစ်အိတ်လျှင် အများဆုံး ငွေကျပ်ခြောက်သောင်း မှ အနည်းဆုံး ငွေကျပ်နှစ်သောင်း ဖြစ်ကြောင်း၊    ရန်ကုန်၊   ပဲခူး၊  ဧရာဝတီနှင့်   မန္တလေးတိုင်းဒေသ ကြီးများအပါအဝင်   နိုင်ငံတစ်ဝန်း သို့ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။  

သတင်းစဉ်