ပဲခူးမြို့၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ အာဏာသက်ဝင်ခြင်းနှင့်စပ်လျဉ်းသည့် ဆွေးနွေးပွဲကျင်းပ

 

ပဲခူး   မတ်   ၁၇


စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန    မူပိုင်ခွင့်ဦးစီး ဌာန၏ ကုန်အမှတ်တံဆိပ် မူပိုင် ခွင့် ဥပဒေ  အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့်    ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပဲခူး တိုင်းဒေသကြီး  စားသုံးသူရေးရာ ဦးစီး ဌာန     အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   ပဲခူးတိုင်း ဒေသကြီး      စီးပွား‌ရေးရာဝန်ကြီး    ဦးတင်ဦးက ၂၀၁၉    ခုနှစ်က    အတည်ပြုပြဋ္ဌာန်းခဲ့သည့်   မူပိုင်ခွင့် ဥပဒေများထဲမှ     တစ်ခုဖြစ်သည့်   ကုန်အမှတ်တံဆိပ်  မူပိုင်ခွင့်ဥပဒေ ကို       အာဏာသက်ဝင်ခြင်းနှင့် စပ်လျဉ်းသည့်   အသိပညာပေး   ဆွေးနွေးပွဲဖြစ်ကြောင်း၊       နိုင်ငံ တော်၏   စီးပွားရေးဦးတည်ချက် များကို      အကောင်အထည်ဖော်    ဆောင်ရွက်ရာတွင်လည်း မူပိုင်ခွင့် အကာအကွယ်ပေးခြင်း     စနစ် တစ်ရပ်ကို     ကျင့်သုံးဆောင်ရွက် နိုင်ခြင်းအားဖြင့်  နိုင်ငံ၏  စီးပွား ရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်   အထောက်အကူ    ပြုနိုင်မည်ဖြစ် ကြောင်း၊   အဆိုပါ     ဥပဒေ အာဏာသက်ဝင်ပြီးနောက်    ကုန် အမှတ်တံဆိပ်  မူပိုင်ခွင့်လျှောက် ထားခြင်းများကို   လျှောက်လွှာ လက်ခံမည့်  ဌာနများမှတစ်ဆင့် လည်းကောင်း၊  အီလက်ထရော နစ်စနစ်မှတစ်ဆင့် လည်းကောင်း နေပြည်တော်နှင့်   ရန်ကုန်မြို့တို့ တွင် လျှော်လွှာလက်ခံမည့် ဌာန များ    ဖွင့်လှစ်ပေးသွားမည်ဖြစ် ကြောင်း ပြောကြားသည်။ 

 


ထို့နောက်       ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စီးပွားရေး နှင့်     ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန    မူပိုင်ခွင့်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မိုးမိုးသွယ်က  ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေအာဏာသက်ဝင် ခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး     ဒေါက်တာ စိမ့်သန္တာထွန်းက   အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း     ဆိုင်ရာများနှင့် စပ်လျဉ်း၍      လည်းကောင်း၊ ညွှန်ကြားရေးမှူး ‌   ဒေါက်တာ အေးသီရိဝေက    အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ လျှောက်လွှာ ပုံစံများနှင့် စပ်လျဉ်း၍   လည်း ကောင်း၊   AYA  ဘဏ်မှ ဒေါ်အေး အေးမြင့်နှင့်  CB ဘဏ်မှ ဦးနေ လင်းထွန်းတို့က   အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းနှင့်    စပ်လျဉ်း၍ အခကြေးငွေ ပေးသွင်းခြင်းဆိုင်ရာ ဘဏ်လုပ်ငန်း    ဝန်ဆောင်မှုများ နှင့်    လုပ်ထုံး  လုပ်နည်းများ အကြောင်းကို    လည်းကောင်း   ဆွေးနွေးကြပြီး    တက်‌ရောက် လာသူများက  သိလိုသည်များကို     မေးမြန်းကြရာ  တာဝန်ရှိသူများက  ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။  


တိုင်းဒေသကြီး(ပြန်/ဆက်)