
ပဲခူး မတ် ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ကလေးအလုပ်သမားဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းပြီး “Air-Compressor ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” (၄/၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ပဲခူး)၌ ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန (တိုင်းဒေသကြီး ဦးစီးမှူး) ညွှန်ကြားရေးမှူး ဒေါ်ခင်မာသက်က သက်မွေးပညာရပ်သင်တန်းများ သင်ကြားပေးခြင်းသည် အထူးပင် ကောင်းမွန်သည့်အစီအစဉ်ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြား ပေးသည့် သင်ခန်းစာများနှင့် ပညာရပ်များကို စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့် အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကို အသုံးချပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်များတွင် ပြန်လည်အသုံးချ လုပ်ကိုင်နိုင်ရန် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။
အဆိုပါသင်တန်းတွင် ပဲခူးမြို့မှ သင်တန်းသား ၂၀ တက်ရောက်ကြ ပြီး သင်တန်းကို မတ် ၂၀ ရက်မှ ၂၄ ရက်အထိ ငါးရက်တာ စာတွေ့ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)