ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်

 

ပဲခူး   အောက်တိုဘာ    ၁၂


ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း   ဦးဆောင်မှုဖြင့် အောက်တိုဘာ  ၁၂ ရက်   နံနက် ပိုင်းက   ပဲခူးမြို့အတွင်း  ရေများ ပြန်လည်   ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် စတင် ဆောင်ရွက်နေမှုကို      ကွင်းဆင်း ကြည့်ရှုအားပေးသည်။


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး       သဘာဝဘေး ကွပ်ကဲမှုရုံး၌ ရေဘေးကယ်ဆယ် ရေးနယ်မြေအလိုက် ကြီးကြပ်သူ အစိုးရအဖွဲ့ဝင်     ဝန်ကြီးများ၊ ရေဘေး    ကယ်ဆယ်ရေးစခန်း တာဝန်ခံ   တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပဲခူး မြို့အတွင်း      ရေများပြန်လည် ကျဆင်းလာပြီဖြစ်၍   ဦးစားပေး နေရာများအလိုက်  သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို   တစ်ပြိုင် တည်း  ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း၊    ပဲခူးမြစ်ရေကြီးမှု ကြောင့်     ပဲခူးမြို့အတွင်း    ရေ ဝင်ရောက်မှုမရှိစေရေး   ရေဝင်/ရေထွက်ပေါက်များ     ပြန်လည် အဆင့်မြှင့်တင်ရန်၊ ရေတားတာ တစ်လျှောက်     တာကြံ့ခိုင်ရေး စစ်ဆေးရန်နှင့် အမြင့်ဆုံး ရောက် ရှိခဲ့သည့်ရေမှတ်အပေါ်  အခြေခံ ပြီး   ရေတားတာများ    ပြန်လည် ပြင်ဆင်နိုင်ရေး   ကွင်းဆင်းစိစစ် တွက်ချက်တင်ပြရန်၊ ပျက်စီးသွား  သည့်   လမ်းများကို  ပြန်လည် ပြင်ဆင်ရန် မှာကြားသည်။


ထို့နောက်    တိုင်းဒေသကြီး  ဝန်ကြီးချုပ်သည်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန      ဒုတိယ ဝန်ကြီးနှင့်အတူ ရုံးကြီးရပ်ကွက် နှင့်  ဆိုရှယ်လစ်   ရပ်ကွက်များရှိ   ဒေသခံပြည်သူများအား တိုင်းဒေသ  ကြီးအစိုးရအဖွဲ့   အစီအစဉ်ဖြင့်   ရေသန့်စင်စက်   တပ်ဆင်ထား သည့် မော်တော်ယာဉ်ဖြင့် ရေသန့်    အခမဲ့ဖြန့်ဝေပေးနေမှုကို ကြည့်ရှု အားပေးသည်။


ယင်းနောက်  တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်   ဒုတိယဝန်ကြီး၊ နယ်မြေခံတပ်မှ    ဒုတပ်မမှူးတို့ သည်   မြို့မစျေးကြီး၊ အထွေထွေ ရောဂါကု     ပြည်သူ့ဆေးရုံကြီး နှင့်     အမှတ်(၁)  အခြေခံပညာ       အထက်တန်းကျောင်းတို့၌     ဌာန ဆိုင်ရာများ  စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုတို့ကို       ကြည့်ရှု အားပေးပြီး  ထမင်းထုပ်များနှင့်         ထောက်ပံ့ငွေများ ပေးအပ်သည်။ ယင်းနောက်   တိုင်းဒေသကြီး   ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့ အတွင်း ရေပြန်လည်ကျဆင်းခဲ့မှု   အခြေအနေများကို    မော်တော် ယာဉ်များဖြင့် လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။ 


တိုင်းဒေသကြီး(ပြန်/ဆက်)