ပဲခူးမြစ်ရေ ပဲခူးမြို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်ရှိနိုင်

နေပြည်တော်   ဩဂုတ်   ၉
ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့ တွင်   ယင်းမြို့၏   စိုးရိမ်ရေမှတ်သို့  ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း နှစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြု အပ်ပါသည်။                                    မိုး/ဇလ