ပဲခူး - မော်လမြိုင် ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ် သိမ်ဆိပ်နှင့် ဒုံဝန်းဘူတာအကြား တံတားအမှတ်(၇၈) မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံရသဖြင့် ရထားခရီးစဉ်များကြန့်ကြာမှုဖြစ်

 

နေပြည်တော်   မေ   ၂၁ 
ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်း  သထုံ မြို့နယ် သိမ်ဆိပ်နှင့်ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊   ၁၂၄/၁၄-၁၃ ရှိ  တံတား အမှတ် (၇၈) ပေ ၆၀   အောက်ခံသံပေါင် တံတားအား ယမန်နေ့ ည  ၉ နာရီခွဲတွင်  အကြမ်းဖက်   သောင်းကျန်းသူအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
မိုင်းဖြစ်စဉ်      ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက   ယနေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိပြီး နယ်မြေ ရှင်းလင်းစစ်ဆေးခဲ့ရာ တံတားမရောက်မီ ရန်ကုန်ဘက်ခြမ်း  ပေ ၁၀၀၀ အကွာ ကားလမ်းကူးနေရာတွင်   ပလတ်စတစ် အိတ်အမည်းရောင်ဖြင့်       ထုပ်ထားပြီး ဝိုင်ယာကြိုးသွယ်တန်းထားသည့် ရှေ့ထွက်  ကြီးကြပ်မိုင်း  တစ်လုံး အား  တွေ့ရှိရ၍   သက်မဲ့ပြုလုပ် ဖယ်ရှား      ရှင်းလင်းနိုင်ခဲ့ကာ၊ တံတားပေါ်တွင် လေးနေရာ၌ မိုင်း ပေါက်ကွဲမှု  ဖြစ်ပွားထားကြောင်း နှင့် တစ်နေရာစီတွင် သံလမ်းဘယ်/ ညာ ၁ ပေခန့်စီ ပြတ်တောက်ပျက်စီး နေကြောင်း  သိရှိရသဖြင့် ယနေ့ နံနက် ၆ နာရီခွဲတွင် သိမ်ဆိပ် - ဒုံဝန်းရထားလမ်းပိုင်းအား ခေတ္တ ပိတ်၍ လမ်းပိုင်းအချိန်မီ ပြန်လည် ဖွင့်လှစ်နိုင်ရေး မြန်မာ့မီးရထား တာဝန်ရှိသူများက ပြုပြင်ဆောင် ရွက်ခဲ့ရာ   ယနေ့ နံနက် ၁၀  နာရီ  ၁၄   မိနစ်တွင်    လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။
အဆိုပါ   မိုင်းဖြစ်စဉ်ကြောင့် ယနေ့  နံနက်   ၆  နာရီခွဲတွင် ရန်ကုန်ဘူတာကြီးမှ     စတင် ထွက်ခွာမည့် အမှတ်(၈၁)အဆန် ရန်ကုန်-မော်လမြိုင် လူစီးရထား အား နံနက် ၈  နာရီမှ   စတင် စေလွှတ်နိုင်ခဲ့သဖြင့် ပုံမှန်ထွက်ခွာ ချိန်ထက် ၁ နာရီခွဲကြန့်ကြာခဲ့ပြီး အမှတ် (၈၂) အစုန် မော်လမြိုင်-ရန်ကုန်       လူစီးရထားသည် မော်လမြိုင်ဘူတာမှ   အချိန်မှန် နံနက် ၈ နာရီခွဲတွင် ထွက်ခွာနိုင်ခဲ့ သည်။  သထုံဘူတာမှ  ယနေ့ နံနက် ၆ နာရီတွင်  ထွက်ခွာရန် အသင့်ရှိနေသော အမှတ် (၆၈၆) အစုန်ကုန်ရထားအား    ခေတ္တ စောင့်ဆိုင်းစေခဲ့ရကာ လမ်းပိုင်း ပြန်လည်ဖွင့်လှစ်သည့်   အချိန်မှ သာ စေလွှတ်နိုင်ခဲ့သည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ   ၁  ရက်မှစ၍  ယခု အချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင်   ရထား လမ်းနှင့်  ရထားဘူတာ   နယ်မြေ အတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီး ခြင်း(၂၀၅) ကြိမ်၊ ရထားတံတား/သံလမ်းများအား  မိုင်းခွဲဖျက်ဆီး ခြင်း(၁၆၃)ကြိမ်၊ ဘူတာအဆောက် အအုံနှင့်  ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း  (၄၂)  ကြိမ် ကျူးလွန်ခဲ့ကြသည်။ 
နိုင်ငံတော် အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု   အဆင်ပြေ ချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့် အခြေခံအဆောက် အအုံများ ပိုမိုတိုးတက်ကောင်းမွန် လာစေရေး၊  ရထားပို့ဆောင်ရေး စနစ် အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းများကို ရည်မှန်းချက်ထား ရှိ၍    အစဉ်တစိုက်အလေးထား စီမံ ဆောင်ရွက်ပေးလျက်ရှိသော် လည်း အကြမ်းဖက်သောင်းကျန်း သူများအနေဖြင့်   နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်   တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီး သည်များနှင့်ကုန်စည်များ ထိခိုက် ပျက်စီးဆုံးရှုံးစေရေး၊    ရထားစီး ခရီးသွား  ပြည်သူများအနေဖြင့် ရထားဖြင့်  ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံး    ချမ်းမြေ့ပြီး အသက်အန္တရာယ်   ကင်းရှင်းစွာ ဖြင့် လုံခြုံစိတ်ချစွာသွားလာနိုင်မှု မရှိစေရေးအတွက်  ရည်ရွယ်ပြီး ယခုကဲ့သို့ ယုတ်မာပက်စက်စွာဖြင့် အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းအပေါ်   ဒေသခံများနှင့် ပြည်သူတစ်ရပ်လုံးက  ပြင်းထန် စွာ    ဆန့်ကျင်ကန့်ကွက်ရှုတ်ချ လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်