Online မှ e-Visa (Business) ရယူထားသူများအနေဖြင့် Online ဖြင့် e-Stay Extension  နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်

 

နေပြည်တော်  အောက်တိုဘာ   ၂၅ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် မြန်မာ နိုင်ငံ၏  e-Government  လုပ်ငန်းစဉ်များ   လျင်မြန်စွာ  အကောင် အထည်ဖော်နိုင်ရန်နှင့်   မြန်မာနိုင်ငံ၏  ခရီးသွားလုပ်ငန်း  ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုစေရန် e-Visa website (https://evisa.moip.gov.mm)ကို ၂၀၁၄ ခုနှစ် ၊စက်တင်ဘာလ(၁) ရက်မှ စတင်၍   တရားဝင်လွှင့်တင်ထားရှိပြီး  ကမ္ဘာလှည့်ဗီဇာ   (Tourist Visa)နှင့်      လုပ်ငန်းဗီဇာ (Business Visa)    ထုတ်ပေးခြင်းတို့ကို Electronic System ဖြင့် ခွင့်ပြုပေးလျက်ရှိသည်။    
ယခုအခါ    နိုင်ငံတော်၏စီးပွားရေး  ဖွံ့ဖြိုးတိုးတက်မှုကို  ပိုမို အထောက်အကူဖြစ်စေရန်အတွက် e-Visa website မှ Onlineဖြင့် လျှောက်ထားရယူထားသည့် e-Visa(Business)ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်   အလုပ်လုပ်ကိုင်နေကြသည့်  နိုင်ငံခြားသားများ အတွက် နေခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန် ဝင်ခွင့်ဗီဇာ (Re-entry Visa) တို့ကို Online မှ လျှောက်ထားနိုင်ရန် e-Stay Extension website (htpps://estay. moip.gov.mm)ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်မှ စတင်ကာ တရားဝင်လွှင့်တင်ရန် စမ်းသပ်ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
e-Visa (Business) ရယူထားပြီး Online e-Stay Extension လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ်သိရှိလိုပါက လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ရုံးအမှတ် (၄၈) နေပြည်တော်၊   တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃၁၅၁၅ သို့   လည်း ကောင်း၊   အမှတ်(၁၁၂)၊    ပန်းဆိုးတန်းလမ်း၊    ရန်ကုန်မြို့ရှိ    နေခွင့် ပြည်ပြန်ဝင်ခွင့်ဌာနစိတ်၊  တယ်လီဖုန်းအမှတ်  ၀၁-၈၃၇၂၉၀၃ သို့ လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိ သည်။                      
သတင်းစဉ်