ဩဂုတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်

 

နေပြည်တော်   ဇူလိုင်    ၂၈


အီကွေတာအနီးရှိ   အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏    ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့်  လေထုဖြစ်စဉ်များမှာ အားအနည်းငယ် ရှိသော  အယ်လ်နီညိုအခြေအနေတွင်   ရှိနေသည်။   နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ ဩဂုတ်လအတွင်း အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေ အနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 


အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့် ဖြစ်စဉ်   ဖြစ်သော်လည်း   အဆိုပါ   အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ   ယေဘုယျအားဖြင့်   မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊  အပူချိန်မြင့်မားခြင်း၊   မုန်တိုင်းဖြစ်ပေါ်မှု   မူမမှန်ခြင်း စသည့်ရာသီဥတုဖြစ်စဉ်များ   ဖြစ်ပေါ်လေ့ရှိသည်။   အယ်လ်နီညို ဖြစ်ပေါ်မှုနှင့်ပတ်သက်သည့်   အခြေအနေများအား    အချိန်နှင့် တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

မိုး/ဇလ