ဩစတြေးလျနိုင်ငံ၏ အပျော်စီးသင်္ဘောလုပ်ငန်းကို လအနည်းငယ်အတွင်း ပြန်လည်စတင်တော့မည်

 

ကင်ဘာရာ  ဖေဖော်ဝါရီ   ၁၂


လပေါင်းအနည်းငယ်အတွင်း  အပျော်စီးသင်္ဘော လုပ်ငန်းကို ပြန်လည်စတင်တော့မည်ဟု ဩစတြေးလျ ကျန်းမာရေးဝန်ကြီး ဂရက်ဟန့်က ပြောသည်။

 


လူသားဇီဝလုံခြုံရေးအတွက်   အချိန်ကာလ သတ်မှတ်ချက်ကို တိုးချဲ့ရန်  ဗဟိုအစိုးရက ဖေဖော် ဝါရီ ၁၁ ရက်တွင် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဇီဝလုံခြုံ ရေးအောက်တွင် အပြည်ပြည်ဆိုင်ရာမှ အပျော်စီး သင်္ဘောများသည် ၂၀၂၀  ပြည့်နှစ် မတ်လမှစတင်ကာ    ခရီးသည်   ၁၀၀ ထက်   ပို၍တင်ဆောင်ခြင်းကို ပိတ်ပင်ခံထားရသည်။

 


လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း အဆင်သင့်ဖြစ်ပါက အပျော်စီးပင်လယ်ကူးသင်္ဘောများအပေါ် ပိတ်ပင်ထားမှုအား  ဖြေလျှော့ပေးတော့ မည်ဟု ဂရက်ဟန့်က  ပြောသည်။  ဩစတြေးလျ နိုင်ငံအနေဖြင့် မူလအနေအထားသို့ ပြန်လည်ရောက် ရှိကြောင်း  အရေးပါသည့် သင်္ကေတဖြစ်သည်ဟုလည်း ၎င်းက  ဖေဖော်ဝါရီ ၁၁ ရက်တွင် သတင်းထောက် များကို  ပြောသည်။ 

 


Ruby Princess  သင်္ဘောပေါ်တွင် ခရီးသည် ၂၇၀၀ ကို ကိုဗစ် - ၁၉ ဆေးစစ်ခြင်းမပြုလုပ်ဘဲ ၂၀၂၀ ပြည့်နှစ်  မတ် ၁၉ ရက်က  ဆစ်ဒနီမြို့တွင် ကမ်းကပ်ခွင့် မပေးခဲ့ပေ။ အဆိုပါသင်္ဘောမှာ ကိုဗစ်- ၁၉ကပ်ရောဂါအစောပိုင်းကာလ ဩစတြေးလျတွင် ရောဂါကူးစက်မှု၏      အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ 

 


ယင်းအချိန်မှစတင်ကာ အပျော်စီးပင်လယ်ကူး သင်္ဘောများကို     ပိတ်ပင်မှုစတင်ခဲ့ခြင်းဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင်  ဖေဖော်ဝါရီ ၁၂ ရက်က ကိုဗစ်-၁၉ နောက်ထပ်ကူးစက်ခံရသူ ၂၀၀၀၀ ကျော် တွေ့ရှိခဲ့ရသည်။    

                                
  ဆင်ဟွာ