
ကင်ဘာရာ ဖေဖော်ဝါရီ ၁၃
ထောင်ပေါင်းများစွာသော ဩစတြေးလျနိုင်ငံသားများသည် နိုင်ငံမြို့တော် ကင်ဘာရာတွင် စုဝေးကာ ကိုဗစ် - ၁၉ ကာကွယ်ဆေး ထိုးရမည့်အမိန့်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။ ကင်ဘာရာမြို့လမ်းမထက်တွင် လူပေါင်း ၁၀၀၀၀ တို့သည် အလုပ်သမားများအတွက် ကိုဗစ် -၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးရမည့် အမိန့်ကို ပယ်ဖျက်ပေးရန် ဗဟိုအစိုးရထံ တောင်းဆိုခဲ့ကြသည်။
ဖေဖော်ဝါရီ ၁၂ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒပြပွဲအတွင်း လူသုံးဦး အဖမ်းခံရပြီး လူပေါင်း ၁၀၀ ကျော်မှာ ပါလီမန်အဆောက်အအုံ အတားအဆီးများကို ကျော်လွန်ကာ ဝင်ရောက်ခဲ့ကြသည်။ သို့သော်လည်း ဆန္ဒပြသူများမှာ ကောင်းကောင်းမွန်မွန်ပြုမူခဲ့ကြသည်ဟု ရဲများက ပြောသည်။ ဆန့်ကျင်ဆန္ဒပြသူများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် အတိုက်အခံ လေဘာပါတီကလည်း ဝန်ကြီးချုပ်စကော့မော်ရစ်ဆင်ကို တိုက်တွန်းခဲ့သည်။
ဩစတြေးလျနိုင်ငံတွင် ဖေဖော်ဝါရီ ၁၃ ရက်နံနက်ပိုင်းအထိ နောက်ထပ်ကူးစက်ခံရသူပေါင်း ၂၀၀၀၀ ကျော်တွေ့ရှိခဲ့ပြီး ကိုဗစ် -၁၉ နှင့်ဆက်စပ်၍ သေဆုံးသူ ၄၅ ဦးထပ်တိုးလာကြောင်း သိရသည်။
ဆင်ဟွာ