
ဆစ်ဒနီ ဧပြီ ၁၂
ဩစတြေးလျကျောင်းအနီး ဧပြီ ၁၂ ရက်က ဓားထိုးမှုဖြစ်ပွားရာ ဆယ်ကျော်သက် အမျိုးသား တစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ဦး မှာ စိုးရိမ်ရသည့်ဒဏ်ရာများဖြင့် ဆေးရုံတက်နေရကြောင်း သိရ သည်။
ညနေ ၃ နာရီ မိနစ် ၄၀ ခန့်တွင် ဆစ်ဒနီမြို့ အချက်အချာကျသည့် စီးပွားရေးခရိုင်၏ အနောက်ဘက် ၃၅ ကီလိုမီတာအကွာရှိ ဆင်ခြေဖုံး ရပ်ကွက် ဒွန်းဆိုက်ရှိ စာသင် ကျောင်းအနီးတွင် ဓားထိုးမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရဲအရာရှိ များ ရောက်မလာခင် ဘလက် တောင်းရဲစခန်းသို့ လူငယ်နှစ်ဦး ဓားဒဏ်ရာများဖြင့် ရောက်ရှိလာ ခြင်းဖြစ်သည်။ စခန်းတွင် နှစ်ဦး စလုံး ကုသမှုခံယူခဲ့သည်။ သို့သော် တစ်ဦးမှာ သေဆုံးသွားခဲ့ပြီး နောက်တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။
အဆိုပါ အမှုနှင့်ပတ်သက်၍ တစ်ဦးကို ဖမ်းဆီးထားပြီး စုံစမ်း စစ်ဆေးမှုများ စတင်နေသည်ဟု နယူးဆော့ဝေးပြည်နယ် ရဲဌာန က ကြေညာချက် ထုတ်ပြန်ခဲ့ သည်။
ဆင်ဟွာ