နယူးယောက်မြို့ အထပ်မြင့်အဆောက်အအုံ  မီးလောင်မှုကြောင့် ၁၉ ဦးထက်မနည်း သေဆုံး

 

 

နယူးယောက်  ဇန်နဝါရီ  ၁၀
နယူးယောက်မြို့  အထပ်မြင့်အဆောက်အအုံတစ်ခုတွင်  မီးလောင်ခဲ့ရာ  ကလေးများ အပါအဝင် လူ ၁၉ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့သည်ဟု နယူးယောက်မြို့တော်ဝန်က ပြောသည်။
အထပ် ၁၉ ထပ်မြင့်သည့် အဆောက်အအုံတွင် ဇန်နဝါရီ ၉ ရက်က မီးစွဲလောင်ခဲ့ခြင်း ဖြစ်ပြီး မီးသတ်သမား ၂၀၀ ခန့်ဖြင့် မီးငြှိမ်းသတ်ခဲ့ရသည်ဟု သိရသည်။ နောက်ပိုင်းတွင် မီးကိုအောင်မြင်စွာ ငြှိမ်းသတ်နိုင်ခဲ့သည်။ ဒေသခံ ၁၉ ဦး သေဆုံးခဲ့ရသည်ဟု မြို့တော်ဝန် အဲရစ်အဒမ်က ပြောသည်။
မီးလောင်မှုကြောင့် သေဆုံးသွားရသည့်အထဲတွင် ကလေး ကိုးဦးလည်း ပါဝင်ခဲ့သည် ဟု သိရသည်။ ဒဏ်ရာအပြင်းအထန်ဖြင့် ကုသမှုခံယူနေရသူ ၃၂ ဦးရှိသည်ဟု မြို့တော်မှ အာဏာပိုင်များက ပြောသည်။ 
ယခုလောင်ခဲ့သည့်မီးမှာ  မိမိတို့ တွေ့ကြုံဖူးသမျှထဲတွင် အဆိုးရွားဆုံးမီးလောင်မှု ဖြစ်ကြောင်း  အဲရစ်အဒမ်က ပြောသည်။ ဒုတိယထပ်နှင့် တတိယထပ်တို့ကို  လွှမ်းခြုံထား သည့် အပူပေးကိရိယာ ချို့ယွင်းမှုမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု မီးသတ် အာဏာပိုင်များက ယူဆကြသည်။                                                 အင်န်အိတ်ချ်ကေ