နယူးဇီလန်၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက်အသစ်များကြောင့် ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ရ

ဝယ်လင်တန် ဇန်နဝါရီ  ၂၃


နယူးဇီလန်နိုင်ငံ          ဝန်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်သည်   နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက် အသစ်များကြောင့် ၎င်း၏ မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ရကြောင်း  ယနေ့သတင်းများ အရ သိရသည်။


အမြင့်ဆုံးအဆင့်


နယူးဇီလန်နိုင်ငံ၌ အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်မှုများ တွေ့ရှိပြီးနောက် နိုင်ငံတစ်ခုလုံးအား  ကိုဗစ်-၁၉  ရောဂါ ဆိုင်ရာ    စည်းကမ်းချက်တင်းကျပ်မှု အမြင့်ဆုံးအဆင့်သို့   ချမှတ်ခဲ့ကြောင်း သိရသည်။


နယူးဇီလန်နိုင်ငံ၌  အသစ်ချမှတ်ခဲ့ သည့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်း ချက်များတွင်   အခမ်းအနားတစ်ခု၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပြီးသူ ၁၀၀ သာ တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်းနှင့်       ဈေးဆိုင်များနှင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးနေရာ များ၌     နှာခေါင်းစည်းဝတ်ဆင်ရမည် ဖြစ်ကြောင်း ပါဝင်သည်။


လက်ရှိတွင်         နယူးဇီလန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၅၁၀၄ ဦးနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ၅၂ ဦးရှိကြောင်း သိရသည်။ 
နယူးဇီလန်နိုင်ငံ၌ အသက် ၁၂ နှစ်နှင့် အထက် အသက်အရွယ်ရှိသူအားလုံး၏ ၉၄ ရာခိုင်နှုန်းသည်    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်  ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့်  ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်မည့် အရည်အချင်း ပြည့်မီသူများအားလုံး၏ ၅၆ ရာခိုင်နှုန်း သည် တတိယအကြိမ် အပိုဆောင်းထိုးနှံ မှုခံယူပြီးဖြစ်ကြောင်း သိရသည်။


 ကိုးကား - ဘီဘီစီ
ဘာသာပြန် - အလင်းသစ်