နေပြည်တော် အောက်တိုဘာ ၁၄
နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာသင်တန်း ကျောင်း လေးကျောင်းတို့၌ ဆောက်လုပ်ရေးသင်တန်း၊ လျှပ်စစ် သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ် စက်ပြင်သင်တန်း နှင့် လက်ကိုင်ဖုန်းပြင်သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်း တွင် အဆိုပါသင်တန်းကျောင်း များ၌ ကျင်းပဆောင်ရွက်ခဲ့ရာ ဘားအံမြို့ သင်တန်းကျောင်းတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး ၊ အောင်ပန်းမြို့ သင်တန်းကျောင်း တွင် ရှမ်းပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း၊ လပွတ္တာ မြို့ သင်တန်းကျောင်းတွင် ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ပုဏ္ဏား ကျွန်းမြို့ သင်တန်းကျောင်းတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းတို့ အသီးသီး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းကျောင်း လေးကျောင်းတွင် ဆောက်လုပ်ရေး သင်တန်းသား ၃၀၊ လျှပ်စစ် သင်တန်းသား သင်တန်းသူ ၄၇ ဦး၊ ဂဟေသင်တန်းသား ၄၇ ဦး၊ မော်တော်ယာဉ် စက်ပြင်သင်တန်း သား သင်တန်းသူ ၇၀၊ လက်ကိုင် ဖုန်းပြင်သင်တန်း ၁၆ ဦး စုစုပေါင်း ၂၁၀ ဖြင့် သင်တန်းကာလခြောက် လ ကြာ လက်တွေ့ခန်းသုံးပစ္စည်း များနှင့် သင်ထောက်ကူပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေး၍ နေထိုင်စားသောက်ရေး အခမဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်း ထူးချွန်ဆုရရှိသူများနှင့် သင်တန်း သားများအတွက် သင်တန်းဆင်း အောင်လက်မှတ်များကို အသီးသီး ချီးမြှင့်ပေးသည်။
နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာ သင်တန်းကျောင်း လေးကျောင်း တွင် ၂၀၂၂ ခုနှစ် မေလ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက် အထိ ရက်သတ္တပတ် ၂၂ ပတ် ကြာ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဖွင့်လှစ်သင်ကြား ပေး၍ ဘဏ္ဍာနှစ်တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ပေးလျက် ရှိရာ သင်တန်းကျောင်းများ စတင် ဖွင့်လှစ်ချိန်မှ ယခုသင်တန်းအထိ သင်တန်းသား စုစုပေါင်း ၆၀၇၇ ဦး သင်ကြားလေ့ကျင့် မွေးထုတ် ပေးခဲ့ပြီး အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်



