နယ်စပ်ရေးရာဝန်ကြီးဌာနရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းများ၌ သင်တန်းများဖွင့်လှစ်

နေပြည်တော်    နိုဝင်ဘာ   ၃၀


နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း  ၂၀  တို့ တွင်  အဆင့်မြင့်အိမ်တွင်းမှု  စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊   အခြေခံလက်ရက်ကန်း သင်တန်းများကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရာ မွန်ပြည်နယ်   မုဒုံမြို့တွင်   ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊  ကရင်ပြည်နယ်   ဘားအံမြို့တွင်   ပြည်နယ်ဝန်ကြီးချုပ်  ဦးစောမြင့်ဦး၊  တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်းမြို့တွင် တိုင်းဒေသကြီး လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး သိန်းလင်း၊   စစ်ကိုင်းတိုင်းဒေသကြီး   ခန္တီးမြို့တွင် နယ်မြေခံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသက်ထူးစံတို့ တက်ရောက်ဖွင့်လှစ်ပေးပြီး     ကျန်တိုင်းဒေသကြီး/ပြည်နယ်များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ  ဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ မှ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။  


ယနေ့ဖွင့်လှစ်သည့်    အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း၊ ရိုးရာဂျပ်ခုတ်သင်တန်း၊ အခြေခံ လက်ရက်ကန်းသင်တန်းများသို့     သင်တန်းသူ စုစုပေါင်း ၇၈၀  တက်ရောက်၍  နိုဝင်ဘာ ၃၀ ရက် မှ ၂၀၂၂ ခုနှစ် မတ် ၃၁ ရက်ထိ ရက်သတ္တ ၁၈ ပတ် ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေထိုင်စားသောက်ရေး နှင့် သင်တန်းသုံးပစ္စည်းများ အခမဲ့ထောက်ပံ့ပေးသွား မည်ဖြစ်သည်။


အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းများ တွင် ဘဏ္ဍာရေးနှစ် တစ်နှစ်လျှင် သင်တန်းနှစ်ကြိမ်  ဖွင့်လှစ်ပေးလျက်ရှိရာ   သင်တန်းသူ   စုစုပေါင်း ၉၂၆၈၈ ဦး  သင်ကြားလေ့ကျင့်မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။                       

 သတင်းစဉ်