နေပြည်တော် နိုဝင်ဘာ ၁
နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများတွင် သီတင်းသုံး တော်မူကြသော သံဃာတော် များနှင့် သီလရှင်ဆရာကြီးများ ဆွမ်း အခက်အခဲအဆင်ပြေစေ ရန်အတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ် လှူဒါန်းပေးလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစံမောင်နှင့် ဝန်ထမ်းမိသားစု များက နမ့်ဆန်မြို့နယ် ဇယန်းကြီး ဘုန်းတော်ကြီး ကျောင်းတိုက်၊ ကျောင်းထိုင် ဆရာတော်ထံသို့ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
သတင်းစဉ်



