နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတကျောင်းများကို ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်    စက်တင်ဘာ  ၃  


နယ်စပ်ရေးရာဝန်ကြီးဌာန     နယ်စပ်ဒေသ နှင့် တိုင်းရင်းသားလူမျိုးများ  ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ       ဒုတိယညွှန်ကြားရေး မှူးချုပ်    ဦးခင်မောင်ကြည်နှင့်     တာဝန်ရှိ သူများသည်      ယနေ့    မွန်းလွဲပိုင်းတွင်   နေပြည်တော်ကောင်စီနယ်မြေ  ပျဉ်းမနားခရိုင် ဓမ္မဝိဟာရကျောင်းတိုက်ရှိ          သံဃာတော် များနှင့်       သာမဏေများအတွက်      ဆွမ်း ဆန်တော်၊  ဆီ၊  ဆား၊  ကုလားပဲနှင့်  အခြား စားသောက်ဖွယ်ရာများ   ဆက်ကပ်လှူဒါန်း သည်။

 


နယ်စပ်ရေးရာဝန်ကြီးဌာန     အနေဖြင့်  ဝါတွင်းကာလ  ဝါဆိုသံဃာတော်များ   ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေးအတွက် ဆွမ်းဆန်၊ ဆီ၊  ဆား၊  ကုလားပဲများကို   ဒေသအလိုက် ထောက်ပံ့ကူညီ    လှူဒါန်းလျက်ရှိကြောင်း သိရသည်။ 


သတင်းစဉ်