
နေပြည်တော် မတ် ၃၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် အခက်အခဲမရှိစေ ရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ရှမ်း ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး (တောင်ကြီး) ကွပ်ကဲမှုအောက်ရှိ လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းနှင့် ဝန်ထမ်းများက မိုင်းကိုင်မြို့နယ် အမှတ် (၄) ရပ်ကွက် မဇ္ဇိုမရာမစာသင်တိုက် သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား နှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
သတင်းစဉ်