
နေပြည်တော် အောက်တိုဘာ ၁
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဦးဇော်လှိုင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက် သီရိရတနာ ဘုန်းတော် ကြီးသင် ပညာရေးကျောင်း (ဒုန်တော)ကျောင်းတိုက်ရှိ သံဃာ တော်များ၊ စာသင်သာမဏေများ အတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် အခြားစားသောက်ဖွယ် ရာများကို ဆပ်ကပ်လှူဒါန်းခဲ့ သည်။
နယ်စပ်ရေးရာ ဝန်ကြီးဌာန အနေဖြင့် ဝါတွင်းကာလတွင် ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာသင်တိုက် များသို့ လည်းကောင်း၊ ပရဟိတ ကျောင်းများသို့လည်းကောင်း စား နပ်ရိက္ခာများ ထောက်ပံ့လှူဒါန်းလျက် ရှိကြောင်း သိရသည်။
သတင်းစဉ်