
နေပြည်တော် စက်တင်ဘာ ၁၆
နယ်စပ်ရေးရာ ဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ ဝါတွင်း ကာလ ဝါဆိုသံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲမရှိစေရေး အတွက် ဘုန်းတော်ကြီးကျောင်း များတွင် ဆန်၊ ဆီ၊ ကုလားပဲ တို့ကို ထောက်ပံ့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ (ခရိုင်မှူး) ဒုတိယညွှန်ကြား ရေးမှူး ဒေါ်ဖြူပြာခ၊ သာသနာရေး ဦးစီးဌာနမှ ခရိုင်သာသနာရေးမှူး ဦးထွန်းကြည်မောင်နှင့် တာဝန် ရှိသူများက ယမန်နေ့က တာချီလိတ်မြို့နယ် ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ ဝမ်မိုင် ဘုန်းကြီး ကျောင်းသို့ ဆန်၊ ဆီ၊ ကုလားပဲ များနှင့် အခြားလိုအပ်နေ သော လှူဖွယ်ပစ္စည်းများကို သွားရောက်ထောက်ပံ့ လှူဒါန်း ကြကြောင်း သိရသည်။
သတင်းစဉ်