နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ်သော အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲများ ကျင်းပ

 

နေပြည်တော်   မတ်   ၂၄


နယ်စပ်ဒေသဖွံ့ဖြိုးရေးအစီအစဉ်အရ တိုင်းရင်းသား အမျိုးသမီးငယ်များ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန်၊ အမျိုးသမီးများ အိမ်တွင်းမှုအသက်မွေးလုပ်ငန်း ပညာများကို တတ်မြောက်ကျွမ်းကျင်ပြီး ကိုယ်ပိုင်  စီးပွားရေးလုပ်ငန်းများ    ထူထောင်နိုင်သည်အထိ လုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ နယ်စပ်ရေးရာဝန်ကြီး ဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဖွင့်လှစ် သင်ကြားပေးခဲ့သည့်  အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၄)    သင်တန်းဆင်းပွဲများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ     သင်တန်းကျောင်း (လားရှိုး) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့   အမျိုးသမီးအိမ်တွင်းမှု   သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့၌  ယနေ့  နံနက် ပိုင်းက  ပြုလုပ်ရာ  သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် များမှ   တိုင်းမှူးများနှင့်အဖွဲ့ဝင်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊    သင်တန်းသူများနှင့်    သင်တန်း နည်းပြ ဆရာမများ တက်ရောက်ကြသည်။

 


ဦးစွာ တိုင်းမှူးများက သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း  ပညာသင်တန်းကျောင်းများမှ တာဝန်ခံ ကျောင်းအုပ်များက သင်တန်းကာလအတွင်း သင်ကြးပို့ချခဲ့သည့် သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းမှူးများက အမျိုးသမီးအိမ်တွင်းမှု    သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။

 


ထို့နောက် သင်တန်းများတွင်  ဆုရရှိသူများကို တိုင်းမှူးများနှင့်  တာဝန်ရှိသူများက ဆုများပေးအပ် ပြီး   သင်တန်းသူများအား   သင်တန်းဆင်းလက်မှတ် များကို      တာဝန်ရှိသူများက     ပေးအပ်သည်။ ယင်းနောက်  တိုင်းမှူးများနှင့်  တာဝန်ရှိသူများက ခန်းမများအတွင်း         ခင်းကျင်းပြသထားသည့်  သင်တန်းသူများ၏     အိမ်တွင်းမှုလက်ရာများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


အဆိုပါသင်တန်းများကို ၂၀၂၂ ခုနှစ်၊ အောက် တိုဘာ    ၂၅ ရက်မှ  ယနေ့အထိ   ရက်သတ္တပတ် ၂၂ ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြကြောင်း သတင်း ရရှိသည်။                       


 သတင်းစဉ်