နေပြည်တော် ဇွန် ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေ ဥတ္တရသီရိမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ) ဗိုလ်ရွေး၌ ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် က အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက နှစ်ရှည်အရိပ်ရပင်ဖြစ် သည့် ကံ့ကော်ပင်ကို ဦးဆောင် စိုက်ပျိုးခဲ့ပြီး ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးရုံး နှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်းပင် ၁၈၀၊ ကံ့ကော် ငါးပင်၊ မန်ကျည်း ၁၀ ပင်၊ တမာ ၁၀ ပင် စုစုပေါင်း ၂၀၅ ပင်ကို ပါဝင် စိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့် လည်ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အ.ထ.က (ခွဲ) ဗိုလ်ရွေးကျောင်းသို့ လှူဒါန်းသည့် ရေသန့်စက်နှင့် သန်ရှင်းရေးသုံး ပစ္စည်းများကို ကျောင်းအုပ်ဆရာမ ကြီးထံ ပေးအပ်ခဲ့ပြီး ကျောင်းအုပ် ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်နှင့် အရာထမ်း၊ အမှု ထမ်းများသည် နေပြည်တော် ရုံး အမှတ်(၄၂) နယ်စပ်ရေးရာဝန်ကြီး ဌာန အနီးရှိ လျှိုပိတ်ဆည်အတွင်း သို့ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးတန်နှင့် ငါးခုံးမ သားပေါက် ကောင်ရေ ၂၀၀၀၀ ငါးမျိုး စိုက်ထည့်ခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်



