နယ်စပ်ရေးရာဝန်ကြီးဌာန မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်နှင့် ငါးမျိုးစိုက်ထည့်ပွဲကျင်းပ

နေပြည်တော်   ဇူလိုင်   ၁


နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဗိုလ်ရွေး၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က နှစ်ရှည်အရိပ်ရပင်ဖြစ်သည့် ကံ့ကော်ပင်ကို စိုက်ပျိုးပေးခဲ့ပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင် ကျွန်း ၂၄၃ ပင်၊ ခရေ ၃၀ နှင့်  ကံ့ကော်ခုနစ်ပင်  စုစုပေါင်း ၂၈၀ ကို စိုက်ပျိုးခဲ့ကြသည်။ 


ငါးမျိုးစိုက်ထည့်


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော် ဥတ္တရသီရိမြို့နယ် ရန်ကုန် - မန္တလေး အမြန်လမ်းမအနီးရှိ ငလိုက်ဆည်အတွင်းသို့ ငါးမြစ်ချင်း၊ ယိုးဒယားငါးခုံးမ သားပေါက်ကောင်ရေ ၅၀၀၀၀ ငါးမျိုးစိုက်ထည့်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်