
ဘားအံ ဇူလိုင် ၃
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကရင်ပြည် နယ်ဦးစီးမှူးရုံးနှင့် သင်တန်း ကျောင်းများရှိ ဝန်ထမ်းများ၊ ကျောင်းသားများ၊ သင်တန်းသူ များအနေဖြင့် သစ်ပင်နှင့် သစ်တော၏တန်ဖိုးကို နားလည် ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပ သည်။
ကရင်ပြည်နယ် ဦးစီးမှူးရုံး၊ ဘားအံကွပ်ကဲမှုအောက်ရှိ နယ်စပ် ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ဘားအံ၊ ကြာအင်းဆိပ်ကြီး၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှု လက်မှုပညာ သင်တန်းကျောင်း၊ ဘားအံနှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း ကျောင်း၊ ဘားအံ၊ မြဝတီ၊ မြိုင်ကြီးငူ စုစုပေါင်း သင်တန်း ကျောင်း ခြောက်ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကို သက်ဆိုင်ရာကျောင်းအလိုက် ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ပင် ၃၀၀၊ နှစ်ရှည် ပင် ၂၅၀၊ အရိပ်ရလေကာပင် ၃၂၀ စုစုပေါင်း အပင် ၈၇၀ စိုက်ပျိုး ကြောင်း သိရသည်။
သတင်းစဉ်