
နေပြည်တော် ဇူလိုင် ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ဝန်ထမ်းမိသားစု ဝင်သားသမီးများ၊ ဝန်ကြီးဌာနအောက်ရှိ နယ်စပ် ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြု ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ဝန်ထမ်း မိသားစုဝင်သားသမီးများအတွက် ပညာသင်ထောက်ပံ့ ကြေးများ၊ ကျောင်းဝတ်စုံနှင့်ဗလာစာအုပ်များ ပေးအပ် ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နယ်စပ် ရေးရာဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ဖွံ့ဖြိုးရေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်း ဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဆုရကျောင်းသား ကျောင်းသူများ နှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ ဂုဏ်ပြု ချီးမြှင့်ခြင်းကို တန်ဖိုးထားနားလည်ပြီး မိမိတို့၏ အနာဂတ်တောက်ပနိုင်စေရန်အတွက် အသိပညာ များ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးကြိုးစားသွားကြရန်လိုအပ်ကြောင်း၊ “Kno-wledge is Power” ဆိုသည့်အတိုင်း အသိပညာ၊ ဗဟုသုတနှင့် အတွေးအခေါ်ကောင်းများရရှိစေရန် ကျောင်းသင်ခန်းစာများအပြင် သုတ၊ ရသအစုံ စာပေ များကိုဖတ်ရှုလေ့လာပြီး ပညာနှင့် အတွေးအခေါ် ကောင်းများပေါင်းစပ်၍ နိုင်ငံ့အကျိုး သယ်ပိုးဆောင် ရွက်နိုင်သည့်နိုင်ငံသားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက် ရှိသည့် ဝန်ထမ်းသားသမီးများအတွက် ပညာသင် ထောက်ပံ့ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ် များကို လည်းကောင်း၊ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင် ခဲ့သည့် ငါးဘာသာဂုဏ်ထူးရှင် နှစ်ဦးအား ဂုဏ်ပြုဆု များကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။ (အပေါ်ပုံ)
ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်က အောင်ချက်အကောင်းဆုံး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း သုံး ကျောင်းကိုလည်းကောင်း၊ ရာနှုန်းပြည့်အောင်မြင် ခဲ့သည့် အထူးဆုရလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း နှစ်ကျောင်းနှင့် အောင်ချက် ၈၀ ရာခိုင်နှုန်းအထက် အောင်မြင်ခဲ့သည့် အထူးဆုရကျောင်း နှစ်ကျောင်းကို လည်းကောင်း၊ လေးဘာသာဂုဏ်ထူးရှင် တစ်ဦးကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က လူရည်ချွန် ဆုရရှိသော ကျောင်းသား ကျောင်းသူ လေးဦးနှင့် နှစ်ဘာသာဂုဏ်ထူးရှင် နှစ်ဦးတို့ကို လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပါမောက္ခချုပ်က နှစ်ဘာသာဂုဏ်ထူးရှင် သုံးဦးတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့့်ကြသည်။
ယင်းနောက် ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မောင်ရှင်းပိုင်ဟိန်းက ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင် စကားပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နှင့် ဧည့်သည်တော်များသည် ဆုရကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ပြည်ထောင်စုဝန်ကြီးက လူငယ် ဖွံ့ဖြိုးရေးသင်တန်းများမှ ကျောင်းအုပ်များနှင့် ဆုရ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ဝန်ထမ်း သားသမီး ၁၅၇၉ ဦးတို့အတွက် အတန်းလိုက်ပညာသင်ထောက်ပံ့ကြေး များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကိုလည်း ကောင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ထူးချွန်စွာ အောင်မြင်ခဲ့သူ ငါးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ လေး ဘာသာဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် သုံးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၄၇ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၆၄ ဦးတို့ အား ဂုဏ်ထူး တစ်ဘာသာလျှင် ငွေကျပ်တစ်သိန်းနှုန်း ဖြင့် လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၇၆ ရာခိုင်နှုန်းဖြင့် ပထမဆုရ ပင်းတယ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၆၈ ရာခိုင်နှုန်းဖြင့် ဒုတိယဆုရ လွိုင်ကော်လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၅၉ ရာခိုင်နှုန်းဖြင့် တတိယဆုရ ပင်လောင်းလူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၊ အောင်ချက် ၁၀၀ ရာခိုင်နှုန်းဖြင့် အထူးဆုရ ပလက်ဝနှင့် ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်းများ၊ အောင်ချက် ၈၉ ရာခိုင်နှုန်းဖြင့် အထူးဆုရ ပူတာအို လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် အထူးဆုရ တီးတိန် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ သတင်းစဉ်