နေပြည်တော် ဇွန် ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ ကြသော ဝန်ထမ်းသားသမီးများနှင့် ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားမည့် ဝန်ထမ်းသားသမီးများ ပညာသင် ထောက်ပံ့ကြေး ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ထွန်းထွန်းနောင်က ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်နှင့် အခြေခံ ပညာကျောင်းများတွင် ပညာသင်ကြားနေသော ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ ကြေးများ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကို လည်းကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင် နှင့် အောင်ချက်အကောင်းဆုံး လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း သုံးကျောင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး က ငါးဘာသာဂုဏ်ထူးရှင် လေးဦး နှင့် ရာနှုန်းပြည့်အောင်မြင်သည့် အထူးဆုရ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း တစ်ကျောင်း တို့ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး၏ ဇနီးက အောင်ချက် ၇၀ ရာခိုင်နှုန်းအထက် အောင်မြင်သော လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ငါးကျောင်းတို့ကို လည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့် က လေးဘာသာဂုဏ်ထူးရှင် နှစ်ဦးနှင့် သုံးဘာသာ ဂုဏ်ထူးရှင် လေးဦးတို့ကိုလည်းကောင်း၊ ဒုတိယ ဝန်ကြီး၏ ဇနီးက သုံးဘာသာဂုဏ်ထူးရှင် ခုနစ်ဦး တို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်နှင့် ဇနီးက သုံးဘာသာဂုဏ်ထူးရှင် ၁၄ ဦးတို့ကို လည်းကောင်း၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီးက သုံးဘာသာ ဂုဏ်ထူးရှင် ၁၄ ဦးနှင့် နှစ်ဘာသာ ဂုဏ်ထူးရှင် နှစ်ဦးတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
ယင်းနောက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သည့် မနိုးမွန်မွန်အောင်က ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကိုယ်စား ကျေးဇူးတင်စကား ပြောကြားသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဇနီးများ၊ ဆုရ ကျောင်းသား ကျောင်းသူများသည် အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး က ကျောင်းအုပ်များ၊ မိဘများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်၊ ကောလိပ်များ၌ တက်ရောက်လျက်ရှိသည့် ဝန်ထမ်းသားသမီး ၁၈၀၊ အခြေခံပညာကျောင်းများတွင် တက်ရောက်လျက်ရှိ သည့် ဝန်ထမ်းသားသမီး ၁၂၉၇ ဦး စုစုပေါင်း ၁၄၇၇ ဦးတို့အတွက် အတန်းလိုက် ပညာသင်ထောက်ပံ့ကြေး များ၊ ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များကိုလည်း ကောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူ ခြောက်ဘာသာဂုဏ်ထူးရှင် တစ်ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် လေးဦး၊ လေးဘာသာ ဂုဏ်ထူးရှင် နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၇၄ ဦး၊ တစ်ဘာသာဂုဏ်ထူး ရှင် ၂၂၄ ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၃၅၀ တို့ကို ဂုဏ်ထူးတစ်ဘာသာလျှင် ငွေကျပ် တစ်သိန်းနှုန်း ဖြင့်လည်းကောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် ၉၄ ဒသမ ၄၄ ရာခိုင်နှုန်းဖြင့် ပထမဆုရ တီးတိန်လူငယ်ဖွံ့ဖြိုးရေး သင်တန်းကျောင်း၊ အောင်ချက် ၉၀ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် ဒုတိယ ဆုရ ပင်းတယလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အောင်ချက် ၈၈ ရာခိုင်နှုန်းဖြင့် တတိယဆုရ မအူပင် လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အထူးဆုရ ကြာအင်းဆိပ်ကြီး လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်း၊ အောင်ချက် ၇၀ ရာခိုင်နှုန်း အထက်ရရှိခဲ့ သော နန်းယွန်း၊ ပခုက္ကူ၊ လားရှိုး၊ ဆိုက်ခေါင်နှင့် ဘိုကလေး လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း ငါးကျောင်းတို့ကိုလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ပေးအပ်ကြောင်း သိရသည်။
သတင်းစဉ်



