
နေပြည်တော် ဇွန် ၇
နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၄)ကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းရင်းသားလူမျိုးများ ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဒေသဆိုင်ရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီဥက္ကဋ္ဌများ၊ လုပ်ငန်း ဆပ်ကော်မတီဝင်များ ဖြစ်ကြ သည့် ဝန်ကြီးဌာနများမှ ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သာသနာ ရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ ဥက္ကဋ္ဌ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က မိမိတို့ လုပ်ငန်းဆပ်ကော်မတီကို ပေးအပ် ထားသည့်တာဝန် (၁၃) ရပ်သည် မိမိတို့ ပြည်ထောင်စုအတွင်း တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား လူမျိုးများ၏ ဘာသာသာသနာကို ထွန်းကား ပြန့်ပွားစေရေးနှင့် ရိုးရာဓလေ့ ယဉ်ကျေးမှု အမွေအနှစ်များ ကို ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် သက်ဆိုင်ရာဝန်ကြီးဌာန ၏ လုပ်ငန်းတာဝန်များကို ပေါင်းစပ်ထားခြင်း ဖြစ်ကြောင်း၊ ဆပ်ကော်မတီဝင် ဦးစီးဌာနများ၏ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုး များ၏သာသနာရေးနှင့် ယဉ်ကျေး မှု အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် ပေးနိုင်သည်နှင့်အမျှ နယ်စပ် ဒေသများ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆပ်ကော်မတီဝင် ဦးစီးဌာနများ အနေဖြင့် မိမိတို့၏ လျာထား လုပ်ငန်းစီမံကိန်းများကို သတ်မှတ် ကာလအတွင်း ပြီးမြောက်အောင် အကောင်အထည်ဖော်ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်ဒေသ ဆိုင်ရာ သာသနာရေးနှင့်ယဉ်ကျေး မှု ဆပ်ကော်မတီဥက္ကဋ္ဌများ၊ ဆပ်ကော်မတီဝင် ဌာနများက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားမှုနှင့် လုပ်ငန်းစီမံကိန်း များ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယ ဝန်ကြီးနှင့် တက်ရောက်လာသူ များက အကြံပြုဆွေးနွေးကြ သည်။
ယင်းနောက် အစည်းအဝေး ဆုံးဖြတ်ချက် (၈) ချက်ချမှတ်၍ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဦးစီးဌာနများကို အတည်ပြုကြပြီး အစည်းအဝေး ကို ရုပ်သိမ်းလိုက်ကြောင်း သိရ သည်။
သတင်းစဉ်