
မူဆယ် ဩဂုတ် ၂၉
နယ်စပ်ဒေသ (အရှေ့မြောက် ဒေသ)တွင် များမကြာမီက စက် သုံးဆီများ ပြတ်တောက်တော့မည် ဟူသော ကောလာဟလကြောင့် ဒေသနေ ပြည်သူများအကြား စိုးရိမ်မှုများဖြစ်ပေါ်ကာ အလု အယက် ဝယ်ယူခဲ့မှုများကြောင့် စက်သုံးဆီဈေးများ မြင့်တက်ခဲ့ရ သည်ကို ကြုံတွေ့ခဲ့ကြရဖူးသည်။
ယခုလည်း မူဆယ်မြို့ပေါ်နှင့် မိုင်းယု (၁၀၅) မိုင်တို့တွင် စက်သုံး ဆီ ရောင်းချနေသော ဆီဆိုင်ကြီး အချို့ကို ပိတ်ထားရာ အဆိုပါ ဆိုင်ကြီးများတွင် စက်သုံးဆီ များ ပြတ်လပ်သဖြင့် ဆိုင်ပိတ် ထားရခြင်းဖြစ်ကြောင်း၊ နယ်စပ် ဒေသ (အရှေ့မြောက်ဒေသ)တွင် စက်သုံးဆီများ ပြတ်လပ်တော့ မည်ဖြစ်ကြောင်း ကောလာဟလ များ ထပ်မံပေါ်ထွက်လာကြပြန် သည်။
ကြိုတင်သိုလှောင်ထား
ထိုပိတ်ထားသည့် စက်သုံးဆီ ဆိုင်ကြီးများသည် စက်သုံးဆီ ရောင်းချခြင်းကို သတ်မှတ်ဈေး အတိုင်း ရောင်းချနိုင်ခြင်းမရှိပါက ပိတ်ထားရန် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ညွှန်ကြားချက်အရ မိမိအစီ အစဉ်ဖြင့် ပိတ်ထားသည့် ဆီဆိုင် အချို့သာဖြစ်သည်။ နယ်စပ်ဒေသ (အရှေ့မြောက်ဒေသ) ခရိုင် လေး ခရိုင်သို့ တရုတ်နိုင်ငံမှ တင်သွင်း သော အရည်အသွေးမီ စက်သုံးဆီ ဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီကြီး နှစ်ခုတွင် စက်သုံးဆီအရန် သုံးလ စာ ကြိုတင်သိုလှောင်ထားရှိခြင်း ကြောင့် နယ်စပ်ဒေသ (အရှေ့ မြောက်ဒေသ) တွင် စက်သုံးဆီ ပြတ်လပ်စရာအကြောင်း မရှိ နိုင်ပေ။
အဆိုပါ ကုမ္ပဏီကြီး နှစ်ခုမှာ New Starlight Petro Destribu-tion Co.,Ltd နှင့် Myanmar Shwe San Co.,Ltd တို့ဖြစ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော် အစိုးရ၊ စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်း ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနတွင် “ရေနံ နှင့် ရေနံထွက်ပစ္စည်းလုပ်ငန်း လိုင်စင်” ဖြင့် ၉-၁-၂၀၂၃ ရက် နေ့မှ စတင်၍ “စက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်းလုပ်ငန်း”ကို လုပ်ကိုင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ထို ကုမ္ပဏီကြီးများသည် မြန်မာနိုင်ငံ အရှေ့မြောက်ရပ်ဝန်း တစ်ခွင်လုံး စက်သုံးဆီသုံးစွဲသူ ပြည်သူများ စက်သုံးဆီ မပြတ် လပ်စေရေး နိုင်ငံတော်၏ သတ် မှတ်ချက်နှင့်အညီ တရုတ်နိုင်ငံပိုင် PETRO CHINA INTERNATIONAL Co.,LTD နှင့် စာချုပ်ချုပ်ဆိုပြီး တရုတ်နိုင်ငံမှ ကုန်းကြောင်းဖြင့် တိုက်ရိုက် စက်သုံးဆီ တင်သွင်း ခွင့်ရယူထားကာ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၏ သတ်မှတ်နှုန်းထားများ အတိုင်း သာ ပြန်လည်ဖြန့်ဖြူးရောင်းချခွင့် ရရှိထားသည်။
အဆိုပါ ကုမ္ပဏီကြီးများမှ တင်သွင်းသည့် စက်သုံးဆီများ သည် အရည်အသွေးပြည့်မီသော စက်သုံးဆီများဖြစ်ပြီး ဒေသခံ ပြည်သူများ အသုံးပြုနိုင်ရေး၊ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ နိုင်ရေးတို့အတွက် စီစဉ်တင်သွင်း ထားခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှ စက်သုံးဆီများကို တင်သွင်းရာ တွင် တစ်လလျှင် စက်သုံးဆီသယ် မော်တော်ယာဉ်စီးရေ ၅၀ ကျော် ခန့်ရှိပြီး မော်တော်ယာဉ်တစ်စီး လျှင် တန်ချိန် ၃၀ ခန့်ရှိကြောင်း သိရသည်။
ဖြန့်ဖြူးရောင်းချခွင့်ရရှိထား
စက်သုံးဆီဖြန့်ဖြူး တင်သွင်း ခွင့်ရသူများအနေဖြင့် မူဆယ်ခရိုင် (မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မုံးကိုးမြို့၊ မန့်ဟီးရိုးမြို့)၊ ကွတ်ခိုင်ခရိုင် (ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့)၊ လားရှိုးခရိုင် (လားရှိုးမြို့နယ်၊ သိန္နီမြို့နယ်၊ ကွမ်းလုံမြို့နယ်)၊ တန့်ယန်းခရိုင်(တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်)တို့တွင် သယ်ယူ ဖြန့်ဖြူးရောင်းချခွင့် ရရှိထား ပေသည်။
ပုဂ္ဂလိကစက်သုံးဆီ တင်သွင်း ခွင့်ရသူတို့သည် စက်သုံးဆီများကို မူဆယ်မြို့၊ နမ့်ခမ်းမြို့၊ သိန္နီမြို့၊ ကွတ်ခိုင်မြို့နှင့် လားရှိုးမြို့အတွင်း ရှိ စက်သုံးဆီ ရောင်းချဖြန့်ဖြူး သည့် စက်သုံးဆီဆိုင်ပေါင်း ၂၇ ဆိုင်ကို နိုင်ငံတော်က သတ်မှတ် ထားသည့် ဈေးနှုန်းများအတိုင်း စက်သုံးဆီများကို ရောင်းချဖြန့်ဖြူး ပေးလျက်ရှိရာ မူဆယ်မြို့နှင့် မိုင်းယု (၁၀၅) မိုင်ရှိ စက်သုံးဆီ ရောင်းချလျက်ရှိသည့် ဆီဆိုင် အချို့က ရောင်းချနိုင်ခြင်း မရှိ ကြောင်း ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန သို့ အကြောင်းပြတင်ပြကြရာ ထိုဦးစီးဌာနက ရောင်းချနိုင်ခြင်း မရှိပါက ဆီဆိုင်များကို ပိတ်သိမ်း ထားရန် ညွှန်ကြားခဲ့ခြင်းသာဖြစ် သည်။ ဆီဆိုင်အချို့ ပိတ်ထား ရခြင်းမှာလည်း စက်သုံးဆီ ပြတ်လပ်၍ ရောင်းချရန် စက်သုံး ဆီ မရှိခြင်းကြောင့် ပိတ်ထားခြင်း မျိုးမဟုတ်ဘဲ သတ်မှတ်ဈေးနှုန်း ဖြင့် စက်သုံးဆီ ရောင်းချရန် ဆန္ဒ မရှိခြင်း၊ ပြင်ပတွင် ဈေးကစားလို ခြင်းတို့ကြောင့် ပိတ်ထားရခြင်း ဖြစ်ဟန်တူပေသည်။
သို့သော်လည်း အဆိုပါ ပိတ် ထားသည့် ဆီဆိုင်အချို့က အခြား သောနည်းလမ်း၊ မသမာသည့် နည်းလမ်းများဖြင့် ပြည်တွင်းမှ စက်သုံးဆီများကို ရှမ်းမြောက် ဒေသသို့ သယ်ဆောင်လာပြီး လက်လီရောင်းချနေသည့် ဆီဆိုင် ငယ်ကလေးများထံ လက်သိပ်ထိုး ရောင်းချနေကြောင်းကို လည်း သိရသည်။
ပြည်သူများစိုးရိမ်
အရှေ့မြောက် ဒေသတွင်း စက်သုံးဆီ ပြတ်လပ်တော့မည် ဟူသော ကောလာဟလများ ကြောင့် ဒေသတွင်း ပြည်သူများ အနေဖြင့် စိုးရိမ်ကာ စက်သုံးဆီ များ အလုအယက် ဝယ်ယူပါက လောဘသမားများအကြိုက် စက် သုံးဆီဈေးများ တက်လာနိုင်သည်။
အဆိုပါ စက်သုံးဆီတင်သွင်း ခွင့်ရရှိသော Co.,Ltd တို့၏တစ်ဖက် နိုင်ငံမှ တိုက်ရိုက်တင်သွင်းသော စက်သုံးဆီများသည် ဈေးနှုန်း အသင့်အတင့် မြင့်မားနိုင်သော် လည်း ဆီဂိတ်စံချိန်ပြည့်ခြင်း၊ အရည်အသွေး စိတ်ချရခြင်း ကြောင့် နိုင်ငံတော်မှ ချမှတ်ပေး ထားသည့် ဈေးနှုန်းများအတိုင်း သာ ရောင်းချပေးနေသဖြင့် အဆိုပါ စက်သုံးဆီတင်သွင်းခွင့်ရ ကုမ္ပဏီ များအနေဖြင့် လက်ရှိအကျိုး အမြတ်မရရှိနိုင်သေးဘဲ ဒေသ တွင်းနေ ပြည်သူများ အရည် အသွေးပြည့်သော စက်သုံးဆီများ ကို သုံးစွဲနိုင်ရန် အလို့ငှာ သင့်တင့် သောဈေးများဖြင့်သာ ဖြန့်ဖြူး ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် အဆိုပါ စက်သုံးဆီ တင်သွင်းခွင့် Co.,Ltd များအနေ ဖြင့် အရန်စက်သုံးဆီ သုံးလစာ သိုလှောင် ထားရှိသောကြောင့် မူဆယ်ဒေသတွင်းသာမက အရှေ့ မြောက်တစ်ခွင် ခရိုင် လေးခုပါ စက်သုံးဆီများ ပြတ်လပ်သွားမည် မဟုတ်ကြောင်းနှင့် ဝိသမလောဘ သမားများ၏ အတ္တဆန်စွာဖြင့် စက်သုံးဆီ ပြတ်လပ်မည်ဟူသော ကောလာဟလများကို မယုံကြည် ရန်အတွက် ပြည်သူများအကျိုး အလို့ငှာ ရေးသားတင်ပြလိုက် ပါသည်။
ခရိုင်(ပြန်/ဆက်)