
နေပြည်တော် ဒီဇင်ဘာ ၁၆
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန သည် ပြည်သူလူထု၏ လျှပ်စစ် ဓာတ်အားလိုအပ်ချက်ကို ဖြည့် ဆည်းနိုင်ရန်အတွက် နည်းလမ်း မျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်လျက် ရှိသကဲ့သို့ ထွက်ရှိလာသည့် လျှပ်စစ်ဓာတ် အားများကို ဓာတ်အားသုံးစွဲသူ ပြည်သူများထံသို့ ပို့လွှတ်ဖြန့်ဖြူး ပေးလျက်ရှိသည့် ဓာတ်အားလိုင်း များနှင့် ဓာတ်အားခွဲရုံများကို လည်း အကောင်အထည်ဖော် တည်ဆောက် ဆောင်ရွက်ပေး လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်နေသည့် ကာလတွင် ကရင်ပြည်နယ် မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုးမြို့ နှင့် အနီးဝန်းကျင်ဒေသများသို့ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိ သော ၂၃၀ ကေဗွီ ၁၀၀ အမ်ဗွီအေ မြဝတီပင်မ ဓာတ်အားခွဲရုံအား ၁၆-၁၂-၂၀၂၂ ရက်နေ့ နံနက် ၁ နာရီခွဲတွင် NUG လက်ဝေခံ PDF အကြမ်းဖက် သောင်းကျန်းသူ များမှ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးခဲ့သဖြင့် အများပြည်သူသို့ ဓာတ်အားဖြန့်ဖြူးပေး လျက်ရှိ သည့် ၅၀ အမ်ဗွီအေ ထရန် စဖော်မာ နှစ်လုံး၊ ၂၀ အမ်ဗွီအေ Shut Reactor တစ်လုံး၊ Gas Circuit Breaker နှစ်လုံး၊ Lightn-ing Arrester နှစ်လုံး၊ Potential Transformer နှစ်လုံး၊ ဓာတ်အား ကြိုးများ၊ ဓာတ်အားထိန်းချုပ် အဆောက်အအုံနှင့် မီးစက် အဆောက်အအုံတို့ ထိခိုက်ပျက်စီး ခဲ့ပြီး ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ဓာတ်အားပြတ်တောက် မှုကြောင့် မြဝတီမြို့၊ ကော့ကရိတ် မြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ ကျုံဒိုး မြို့နှင့် အနီးဝန်းကျင်ဒေသများရှိ မီးသုံးစွဲသူ ၅၆၃၆၃ ဦးတို့မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက် ခဲ့ရပြီး မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးဂိတ်နှင့် ကုန်သွယ် ရေးဇုန်တို့တွင်လည်း လျှပ်စစ် ဓာတ်အား ပြတ်တောက်ခဲ့၍ ကုန်စည်စီးဆင်းမှု နှောင့်နှေးမှုများ ဖြစ်ပေါ်ခဲ့ရသည်။ သို့ပါ၍ အဆိုပါ ပျက်စီးခဲ့သော ဓာတ်အားခွဲရုံကို အမြန်ဆုံး ပြင်ဆင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိ သည်။
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများ သည် အများပြည်သူသို့ ဖြည့်ဆည်းပေးလျက်ရှိသည့် နိုင်ငံ တော်၏ အခြေခံအဆောက်အအုံ များအပေါ် ပျက်စီးစေရန် ရည်ရွယ် ချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ဓာတ်အားပေး စက်ရုံ၊ ခွဲရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာ များသို့ ဝင်ရောက်ဖောက်ခွဲပစ်ခတ် ဖျက်ဆီးမှု အကြိမ်ပေါင်း ၂၁၀ ပစ်ခတ်ဖျက်ဆီး ဖောက်ခွဲခဲ့သော် လည်း လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနသည် ပြည်သူများ လိုအပ် လျက်ရှိသည့် လျှပ်စစ်ဓာတ်အား ကို အမြန်ဆုံးပြန်လည်ရရှိနိုင်ရေး အတွက် သက်ဆိုင်ရာ နယ်မြေ များရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ပြုပြင်ဆောင်ရွက် မှုများကို ဆောင်ရွက်လျက်ရှိ သည်။
သတင်းစဉ်