NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ၊ လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီး၊ မုံရွာမြို့ စည်သာကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးအား ရက်စက်စွာပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်  ဇွန်  ၅


နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ ၏အနာဂတ်ဖြစ်သည့် မျိုးဆက် သစ်ရင်သွေးငယ်များ၏ ပညာရေး တွင် နောက်ကျကျန်ရစ်မှု   မဖြစ် ပေါ်စေရေးအတွက်          ပညာ သင်ကြားနိုင်မှု  အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍   အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး စာသင် ကျောင်းများကို ဇွန် ၂ ရက်မှစတင် ၍   ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ 

 


သို့ရာတွင်   NUG   အမည်ခံ အကြမ်းဖက်အဖွဲ့နှင့်      ၎င်း၏ လက်အောက်ခံ   PDF  အမည်ခံ အကြမ်းဖက်   သမားများသည် အနာဂတ်    ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့် အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ   ဖြစ်ပေါ်လာစေ ရန်နှင့် ၎င်းတို့ကို   အကြောက် တရားဖြင့် ထောက်ခံအားပေးလာ စေရန်     ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊          ဖမ်းဆီး သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား    မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲ ခြင်း၊ အထောက်အကူပြုပစ္စည်း များနှင့် ကျောင်းသုံးပုံနှိပ်စာအုပ် များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊  အတင်းအဓမ္မ လုယူခြင်းစသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ          ပညာရေးကဏ္ဍ မြင့်မားရေးကို             နှောင့်ယှက် ဖျက်ဆီးလျက်ရှိသည်။

 


လက်လုပ်မိုင်းဖြင့် ဖောက်ခွဲ


ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၃ ရက် ည ၈ နာရီခန့်တွင် ချင်း ပြည်နယ် ဖလမ်းမြို့နယ် ရိဒ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ          အခြေခံ ပညာ အထက်တန်းကျောင်းအား CNA/CDF အမည်ခံအကြမ်းဖက် အဖွဲ့များက PVC ပိုက်ဖြင့် ပြုလုပ် ထားသည့်    လက်လုပ်မိုင်းဖြင့် လာရောက်ဖောက်ခွဲခဲ့ပြီး      မိုင်း ပေါက်ကွဲမှုကြောင့်        လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

 


အလားတူ  ကချင်ပြည်နယ် ဖားကန့်မြို့နယ်          ဟောင်ပါး ကျေးရွာ      အမှတ်(၂)ရပ်ကွက် အခြေခံပညာ         အထက်တန်း ကျောင်းဝင်းအတွင်းရှိ       ဆရာ ဆရာမ နားနေဆောင်၌ ကျောင်း အုပ်ဆရာမကြီး အပါအဝင် ဆရာ ဆရာမများ    နေထိုင်လျက်ရှိစဉ် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် PDF အမည်ခံ      အကြမ်းဖက်များက ဆိုင်ကယ်နှစ်စီးဖြင့်     ရောက်ရှိ လာပြီး လက်လုပ်မိုင်း သုံးလုံးဖြင့် ပစ်ပေါက်ခဲ့ရာ နားနေဆောင်အနီး သို့   ကျရောက်ပေါက်ကွဲခဲ့သော် လည်း     လူနှင့်အဆောက်အအုံထိခိုက်ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

 


အဆောက်အအုံ ထိခိုက်ပျက်စီး


ထို့အတူ ယနေ့ နံနက် ၈ နာရီ ခန့်တွင် ကရင်ပြည်နယ် သံတောင် ကြီးမြို့   အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အား အကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့်  ဖောက်ခွဲခဲ့ရာ ကျောင်းခြံစည်းရိုးအုတ်တံတိုင်း နှစ်ပေခန့်ပွင့်ထွက်ကာ ခြံစည်းရိုး အနီးရှိ အဆောက်အအုံ အမိုးသွပ် သုံးချပ်၊ မျက်နှာကြက်၊    တံခါးမ ကြီးနှင့် ပြတင်းတံခါးများ ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

 


ပစ်ခတ်သတ်ဖြတ်


ထို့ပြင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင်    စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နယ်   မုံရွာ-အရာတော်          ကားလမ်းဝဲဘက် ရွာတုံကျေးရွာလမ်းခွဲထိပ်၌ အမျိုး သမီး  တစ်ဦး   ဒဏ်ရာများဖြင့် လဲကျသေဆုံးနေကြောင်း သတင်း အရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မုံရွာမြို့ မြို့သစ်ရပ်ကွက်နေ       စည်သာ ကျေးရွာ  အခြေခံပညာအလယ် တန်းကျောင်းခွဲမှ   ကျောင်းအုပ် ဆရာမကြီးဖြစ်သူ   ဒေါ်စိုးမြတ် အေး (၄၄)နှစ် (ဘ)ဦးရန်ရှင်းအား ရင်ညွန့် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ဝဲလက်မောင်း ထိုးသွင်း ဒဏ်ရာတစ်ချက်တို့ဖြင့်  သေဆုံး လျက်ရှိသည်ကိုတွေ့ရှိရပြီး စုံစမ်း စစ်ဆေးချက်များအရ      PDF အမည်ခံအကြမ်းဖက်သမားများ က လက်နက်ငယ်ဖြင့် အကြောင်း မဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်း သိရှိရသည်။

 


ယခုကဲ့သို့ အနာဂတ်လူငယ်၊ လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန်   ရည်ရွယ်၍ ဆရာ ဆရာမများ အကြောင်းမဲ့ သတ်ဖြတ်ခြင်း၊            ကျောင်း အဆောက်အအုံများနှင့်      အခြား အုပ်ချုပ်မှုအဆောက်အအုံများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ ဖျက်ဆီးခဲ့သူများအား  အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူ များနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း       သတင်းရရှိသည်။


သတင်းစဉ်