နတ်တလင်းမြို့နယ်၌ အခြေခံဗုဒ္ဓယဉ်ကျေးမှု ဆင့်ပွားသင်တန်းဖွင့်လှစ်

 

နတ်တလင်း   မေ   ၁၁


ပဲခူးတိုင်းဒေသကြီး   နတ်တလင်းမြို့နယ် မြို့မ(အ.ထ.က)ကျောင်း တိုးချဲ့ဆောင်တွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှုဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။

 


ရှေးဦးစွာ အခမ်းအနားကို   နမောတဿသုံးကြိမ်   ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး ခရိုင်  အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက အမှာစကား ပြောကြားသည်။

 


ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး၏ ဇနီးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားသည်။  အဆိုပါသင်တန်းကို  သင်တန်းသူ  ၂၅ ဦး တက်ရောက်ကာ သင်တန်းကာလမှာ သုံးရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။                                                            
မြို့နယ်(ပြန်/ဆက်)