နတ်မောက်မြို့နယ်၌ နွေစပါး ၁၆၃၁ ဧကကျော် စိုက်ပျိုးပြီးစီး

 

နတ်မောက်  ဧပြီ   ၂၂
မကွေးတိုင်းဒေသကြီး     နတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူများသည်        လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းကို       အဓိကလုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ    ယခုနှစ်    နွေစပါး စိုက်ပျိုးရာသီတွင် လျာထားချက် ၁၁၃၆ ဧက ရှိပြီး ယခုအချိန်တွင် နွေစပါးစိုက်ဧက  ၁၆၃၁ ဧကအထိ စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထား ချက်ထက်   ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း နတ်မောက်မြို့နယ်     စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ်၌      ဆင်းသုခစပါး အမျိုးအစားကို     အဓိကထားစိုက်ပျိုးကြပြီး စပါးမျိုးကောင်းမျိုးသန့်        မျိုးစေ့ထုတ် စိုက်ကွက်များ၊   ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကွက်၊ စံပြကျေးရွာများကို ဖော်ဆောင် ၍    စိုက်ပျိုးထားခြင်း၊    မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန  ဦးစီးမှူးနှင့်   ဝန်ထမ်းများက    တောင်သူများ   စားနပ်ရိက္ခာ ဖူလုံရေး၊    ဝင်ငွေများ  တိုးပွားလာစေရေးနှင့်  စိုက်ပျိုးထုတ်လုပ်မှု  အရည်အသွေးကောင်းမွန် ကာ  ပြည်ပစျေးကွက်များသို့  တိုးချဲ့လာနိုင် စေရန်အတွက်  စိုက်ပျိုးရေးနည်းပညာများကို    ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ 
နွေစပါးစိုက်ပျိုးနိုင်မှုမှာ အစိုးရဆည်ငယ်၊ ကန်ငယ်များဖြစ်သည့် နတ်မောက်ရေလှောင် တမံမှ  ဆည်ရေသောက်ဧရိယာ ဧက ၃၀၀၊ ကျောက်တံခါးဆည်မှ ရေသောက်ဧရိယာ ဧက ၁၁၀၀၊     ဆည်ငယ်၊  ကန်ငယ်သောက်ဧရိယာ ဧက ၂၃၁  စုစုပေါင်း   ၁၆၃၁  ဧက စိုက်ပျိုး နိုင်ခြင်း ဖြစ်သည်။                 လှဝင်း