နတ်မောက်မြို့နယ် ဒီးဒုတ်ခင်ကျေးရွာ၌ PDF အမည်ခံအကြမ်းဖက်သမားများက ဆရာမတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့ကို ပစ်ခတ်သတ်ဖြတ်

 

နေပြည်တော်  ဒီဇင်ဘာ   ၂၄
NUG ၊  CRPH  တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမား များက ကျောင်းသား၊ ဆရာ၊ မိဘ များအား ခြိမ်းခြောက်အကျပ်ကိုင် ခြင်း၊   ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်း ထောင်ဖောက်ခွဲခြင်း၊ အထောက် အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊   ကျောင်းသုံး စာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည် ဖြင့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ   မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၃ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်   မကွေးတိုင်းဒေသ ကြီး နတ်မောက်မြို့နယ် ဒီးဒုတ် ခင်ကျေးရွာရှိ     အခြေခံပညာ အလယ်တန်းကျောင်း(ဒီးဒုတ်ခင်)မှ အလယ်တန်းပြဆရာမ တစ်ဦး နှင့် ခင်ပွန်းဖြစ်သူတို့ နှစ်ဦးသည် နေအိမ်၌ရှိနေစဉ်  PDF အမည်ခံ အကြမ်းဖက်သမားများက   မော် တော်ဆိုင်ကယ် နှစ်စီးဖြင့် ရောက် ရှိလာပြီး  သေနတ်ဖြင့်   အကြောင်း မဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး မောင်း နှင်   ထွက်ပြေးသွားခဲ့ကြောင်း၊ အကြမ်းဖက်သမားများ၏   ပစ်ခတ် သတ်ဖြတ်မှုကြောင့် ဆရာမဖြစ်သူ သည် ဖြစ်စဉ်နေရာ၌ပင်  သေဆုံး ခဲ့ပြီး  ခင်ပွန်းဖြစ်သူသည်  ကျည် ထိမှန်   ဒဏ်ရာများရရှိခဲ့သဖြင့် နတ်မောက်မြို့နယ်    ပြည်သူ့ ဆေးရုံကြီးသို့      တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း       သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက် သူများကို   ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ   ထိရောက်စွာ အရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ ဝင်များက စုံစမ်းဖော်ထုတ်လျက် ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်