“ရွှေမြန်မာအငြိမ့်” ဖျော်ဖြေပွဲကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   နိုဝင်ဘာ   ၁၀


အများပြည်သူ   ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေ ရေးအစီအစဉ်များကို တင်ဆက် လျက်ရှိရာ   “ရွှေမြန်မာအငြိမ့်”  ဖျော်ဖြေပွဲကို နိုဝင်ဘာ ၁၃ ရက် (စနေနေ့)  ည  ၈  နာရီ  သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင် သံကြား၏ MRTV-HD Channel မှ  ထုတ်လွှင့်ပြသမည် ဖြစ်သည်။

 


ယင်းဖျော်ဖြေမှုကို   ရွာစား ကျော် နိုင်လင်းဗိုလ် (ဆိုင်း) ၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင် မင်းသမီး     ဆောင်းနှင်းဝေဝေ၊ ရှေ့ထွက်မင်းသမီး အေးချမ်းငြိမ်း၊  လူရွှင်တော်များ    ဖြစ်ကြသည့် လမုန့်၊  ဝမ်းတူး၊ အာဗြဲနှင့် ရောင်နီ တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။

 


“ရွှေမြန်မာအငြိမ့်”  တင်ဆက် မှုကို နိုဝင်ဘာ ၁၇ ရက် (ဗုဒ္ဓဟူး နေ့)  မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထပ်မံ   ထုတ်လွှင့်ပြသမည်  ဖြစ် ကြောင်း သိရသည်။    

သတင်းစဉ်