(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော်စဉ်ဆက်မပြတ်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 

 

နေပြည်တော်   နိုဝင်ဘာ   ၉


တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ပြန့်ပွားရေးနှင့် တိုင်းရင်းသားဒေသ ခရီးသွားလုပ်ငန်းများ မြှင့်တင်ရန် ရည်ရွယ်၍ (၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့အကြို  “သွေးချင်းတို့ရဲ့ ပွဲတော်ဆီ” (တတိယ)အကြိမ် ပွဲတော် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ (အောက်ပုံ)
ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီး   ဦးစောထွန်းအောင်မြင့် က ပထမအကြိမ်   သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကို  ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၅ ရက်မှ  ၃၀ ရက်အထိ လည်းကောင်း၊   ဒုတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီပွဲတော်ကို   ၂၀၂၀ ပြည့်နှစ်   ဖေဖော်ဝါရီ  ၁ ရက်မှ ၇ ရက် အထိလည်းကောင်း  ရန်ကုန်တိုင်းဒေသကြီး ကျိုက္ကဆံ  အားကစားကွင်းတွင်   စည်ကား သိုက်မြိုက်စွာ    ကျင်းပနိုင်ခဲ့ပါ ကြောင်း၊ တတိယအကြိမ်သွေးချင်း တို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) ပွဲတော်ကို ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် အခြေအနေများကြောင့်   Virtual Reality Festival အဖြစ်  MRTV, Web Portal များဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၅ ရက် အထိ ကျင်းပရန် လျာထားဆောင် ရွက်ခဲ့ကြသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်း မရှိသောကြောင့် လာမည့် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုသော အားဖြင့် မြေပြင်၌ မပြုလုပ်နိုင် စေကာမူ    တစ်မူဆန်းသစ်ပြီး Virtual  Reality  Festival  ဖြင့် ပြုလုပ်   ကျင်းပနိုင်ရေးအတွက် ယခုကဲ့သို့ ညှိနှိုင်းအစည်းအဝေး ခေါ်ယူရခြင်းဖြစ်ပါကြောင်း။
၂၀၂၁ ခုနှစ်အတွက် ပွဲတော် ကျင်းပရန် အချိန်ကာလအားဖြင့် တစ်လကျော်သာ ကျန်ရှိတော့ပါ ကြောင်း၊ ကျင်းပဆောင်ရွက်နိုင် မည့်  နေ့ရက်၊  အချိန်၊  ပါဝင်မည့် အစီအစဉ်များ၊ ဆောင်ရွက်နိုင်မည့် အချက်များကို ဆွေးနွေးပေးစေ လိုပါကြောင်း၊   အစီအစဉ်တွင် တိုင်းရင်းသားပေါင်းစုံ     ပါဝင်နိုင် စေရန်  မြန်မာ့အသံနှင့်  ရုပ်မြင် သံကြား၊  မြန်မာနိုင်ငံ တိုင်းရင်း သား လုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်းဆောင်ရွက်ကြစေလိုပါ ကြောင်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာ    ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့်  အချက် များအားလုံးကို   ကူညီပံ့ပိုးပေး သွားမည်ဖြစ်ပါကြောင်း၊ စိန်ခေါ်မှု များစွာရှိနေသည့်ကြားမှ အတတ် နိုင်ဆုံးနှင့်    အကောင်းဆုံးဖြစ် အောင်  စဉ်းစားဆောင်ရွက်ပေး ကြစေလိုပါကြောင်း၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ    ငြိမ်းချမ်း ရေး၊ စည်းလုံးညီညွတ်ရေး၊ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး      စသည့် တိုင်းရင်းသားများ၏ အကျိုးစီးပွား ကို    ရှေးရှုပြီး    ဆောင်ရွက်ကြ စေလိုပါကြောင်း     ပြောကြား သည်။ 
ယင်းနောက်  ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က       ပထမ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို       ကချင်တိုင်းရင်း သား   လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်ခဲ့ပြီး    ဒုတိယ အကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော်ကို    ကယားတိုင်းရင်း သား  လုပ်ငန်းရှင်များအသင်းက ဦးဆောင်  ပြုလုပ်ခဲ့ပါကြောင်း၊ ရလဒ်အနေဖြင့် တိုင်းရင်းသားများ ၏ ရိုးရာယဉ်ကျေးမှုများ၊ ဒေသ လူမှုစီးပွားဘဝ   အခြေအနေနှင့် ထွက်ကုန်တို့ကို  လေ့လာခွင့်ရရှိ ခဲ့ပြီး   တိုင်းရင်းသားအချင်းချင်း ယုံကြည်မှု၊    ချစ်ခင်မှု၊  စည်းလုံး ညီညွတ်မှုတို့ ပိုမိုရရှိခဲ့ပါကြောင်း၊ တတိယအကြိမ်      ပြုလုပ်မည့် ပွဲတော်နှင့်ပတ်သက်၍  ကျင်းပ မည့်နေ့ရက်၊  အချိန်နှင့် အစီအစဉ် တို့ကို  ဆွေးနွေးပေးကြစေလိုပါ ကြောင်း ပြောကြားသည်။
ထို့နောက်      ပြန်ကြားရေး ဝန်ကြီးဌာန     မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူး ချုပ်  ဦးရဲနိုင်က တတိယအကြိမ် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် နှင့် ပတ်သက်၍ ထုတ်လွှင့်ပြသ နိုင်မည့်     နေ့ရက်၊   အချိန်နှင့် ဖျော်ဖြေရေး     အစီအစဉ်တို့ကို  ရှင်းလင်းတင်ပြသည်။ 
ဆက်လက်၍      မြန်မာနိုင်ငံ တိုင်းရင်းသား    လုပ်ငန်းရှင်များ အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးလဖိုင် ခွန်ဆာ၊   အတွင်းရေးမှူး   ဦးမင်း ဗညားစန်း၊     ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် မြန်မာနိုင်ငံ တိုင်းရင်းသား   လုပ်ငန်းရှင်များ အသင်းမှ  တာဝန်ရှိသူများက အထွေထွေဆွေးနွေးတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်