ဖိလစ်ပိုင်တွင် ကိုဗစ်-၁၉ စစ်ဆေးပြီးသူ ၂၁ ဒသမ ၈ သန်းကျော်ရှိလာ

 

 

မနီလာ   နိုဝင်ဘာ   ၈  

  
ဖိလစ်ပိုင်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၂၀၈၇ ဦး တိုးလာပြီးနောက် နိုင်ငံအတွင်းကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၂၈၀၅၂၉၄ ဦးအထိ ရှိလာခဲ့ကြောင်း ဖိလစ်ပိုင်ကျန်းမာ ရေးဝန်ကြီးဌာန (ဒီအိုအိတ်ချ်) က သတင်းထုတ်ပြန် ဖော်ပြလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကြောင့် ၉၁  ဦး ထပ်မံ သေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ပေါင်း ၄၄၅၂၁ ဦးအထိ ရှိလာခဲ့သည်။ 
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားလျက်ရှိသူ သို့မဟုတ် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရင်ဆိုင်အသက်လုနေရသူ အရေအတွက်   နောက်ထပ်    ၃၂၀၇၇     ဦးအထိ လျော့နည်းကျဆင်းလာခဲ့သည်။ 
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း    ဒေသနှစ်ခုမှလွဲ၍ မြို့တော်    မနီလာအပါအဝင်    တခြားဒေသများ၏ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းသည် ကျဆင်းလာ ခဲ့ကြောင်း ကျန်းမာရေးဌာနအကြီးအကဲ မာရီယာ ရိုဆာရီယို ဗာဂျီရီက ပြောသည်။ 
နေ့စဉ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် လွန်ခဲ့ သော သီတင်းပတ်တွင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်း လာခဲ့ကြောင်း ဗာဂျီရီက ပြောသည်။ 
လွန်ခဲ့သောနှစ် ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှ စကာ ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား မှု လှိုင်းဂယက်သုံးခုရိုက်ခတ်ခြင်းကို ခံခဲ့ရသည်။ 
နောက်ဆုံး ကိုဗစ်-၁၉ လှိုင်းသည် စက်တင်ဘာ လတွင်   မြင့်တက်ခဲ့ပြီး    စက်တင်ဘာ  ၁၁  ရက် တစ်နေ့တည်း ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၂၆၃၀၃ ဦး ဖြင့်  ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားနှုန်း  အမြင့်ဆုံး ဖြစ်ခဲ့သည်။ 
အရှေ့တောင်အာရှနိုင်ငံ     တစ်နိုင်ငံဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် လူဦးရေသန်း ၁၁၀ ရှိသည့်အနက် ကိုဗစ်-၁၉ စမ်းသပ်စစ်ဆေးပြီးသူပေါင်း ၂၁ ဒသမ ၈ သန်း ကျော်ရှိလာပြီဖြစ်သည်။                  ဆင်ဟွာ