သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ  ဆက်လက်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

 

 

နေပြည်တော် နိုဝင်ဘာ ၈ 


စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်    မြန်မာနိုင်ငံ    ဆီကုန်သည်နှင့်   ဆီလုပ်ငန်းရှင်များအသင်းတို့   ပူးပေါင်းစီစဉ်မှုဖြင့်    စားသုံးသူပြည်သူများ    သက်သာသော     ဈေးနှုန်းဖြင့်    ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍    ဗဟိုဘဏ်မှ   ရည်ညွှန်းငွေလဲနှုန်းဖြင့်         တိုက်ရိုက်ရောင်းချပေးသည့်   နိုင်ငံခြားငွေ  ၁၉ သန်းဖြင့် မှာယူတင်သွင်းခဲ့သည့် စားအုန်းဆီ တန်ချိန် ၁၆၁၃၈ ဒသမ  ၃၃၊  ပိဿာချိန် ၉၈၇၆၆၅၇ ကို  တစ် ပိဿာလျှင် လက်ကားဈေး ငွေကျပ် ၃၇၀ဝနှုန်းဖြင့် စက်တင် ဘာ ၂၀ ရက်မှစ၍   ရန်ကုန်တိုင်းဒေသကြီးတွင်   တန်ချိန် ၁၂၈၂၃   ဒသမ   ၅၉ ၊  မန္တလေးတိုင်းဒေသကြီးတွင်   တန်ချိန်  ၈၄၇  ဒသမ  ၄၇၊  စစ်ကိုင်းတိုင်းဒေသကြီးတွင်  တန်ချိန်  ၆၀၆  ဒသမ  ၆၁ ၊   မကွေးတိုင်းဒေသကြီးတွင်  တန်ချိန် ၈၆၉ ဒသမ ၂၂ ၊   ပဲခူးတိုင်းဒေသကြီးတွင် တန်ချိန် ၄၆၂ ဒသမ ၈၃၊ တနင်္သာရီတိုင်းဒေသကြီး တန်ချိန် ၆၁ ဒသမ ၂၉၊ နေပြည်တော် တန်ချိန် ၁၁၆ ဒသမ ၈၃၊  ရှမ်းပြည်နယ်တွင် တန်ချိန် ၃၁၄ ဒသမ ၅၄ ၊ မွန် ပြည်နယ်တွင် တန်ချိန် ၃၅ ဒသမ  ၉၅  တို့ကို    ဖြန့်ဖြူး ရောင်းချပေးခဲ့သည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့်      ဆီလုပ်ငန်းရှင်အသင်းမှ လက်ကားဈေး  တစ်ပိဿာလျှင် ငွေကျပ် ၃၇၀၀ နှုန်းဖြင့် ဝယ်ယူရရှိခဲ့သည့်   အရောင်းဆိုင်များသည် ဒေသအလိုက် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ဆောင်း၍  ၂  ရာခိုင် နှုန်း ထက်မပိုသော အမြတ်ဖြင့် ရောင်းချပေးခဲ့ရာ  ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ  ဘုရင့်နောင်ပွဲရုံတန်းနှင့် ညောင်ပင်လေး ဈေးတို့တွင်    လက်ကားဖြန့်ဖြူးရောင်းချပေးခဲ့သည့်အပြင်  ဆီအသင်း၏  အစီအစဉ်ဖြင့်    မြို့နယ်/ရပ်ကွက်များသို့      ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ပြီး  နေပြည်တော် အပါအဝင်  ကျန်တိုင်းဒေသကြီး/  ပြည်နယ်များတွင်လည်း လက်လီ လက်ကား ဖြန့်ဖြူးရောင်းချပေးခဲ့သည်။
ထပ်မံ၍   ဗဟိုဘဏ်မှ  ရည်ညွှန်းငွေလဲလှယ်နှုန်း ဖြင့်   တိုက်ရိုက်ရောင်းချပေးသည့်   နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ   ၁၂  သန်းကိုလည်း   ပြည်ပ နိုင်ငံခြားပေါက်ဈေး  အပေါ်မူတည်၍   စားအုန်းဆီများ  မှာယူတင်သွင်းပြီး            စားသုံးသူပြည်သူများသို့    သက်သာသော    ဈေးနှုန်းဖြင့်       ဖြန့်ဖြူးရောင်းချ နိုင်ရေး      စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း    သိရ သည်။ 
သတင်းစဉ်