အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သဘာဝဓာတ်မြေသြဇာများကိုလည်း ထည့်သွင်းအသုံးပြုကြစေလို

 

ဝိုင်းမော်    နိုဝင်ဘာ   ၆


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဝိုင်းမော် မြို့နှင့်  မိုင်းနားကျေးရွာအုပ်စုအတွင်းမှ   ဟင်းသီး ဟင်းရွက်      စိုက်ပျိုးထုတ်လုပ်သူများအသင်းဝင်  တောင်သူများအတွက် စိုက်ပျိုးချိန်အမီ မြေသြဇာ အိတ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် စားနပ်ရိက္ခာ ဘေးကင်းလုံခြုံရေးအတွက်  စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP)ပညာပေးသင်တန်း ကို နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီတွင် ဝိုင်းမော်မြို့ နန့်မြစ်ခချောင်းဘေး ဟင်းသီးဟင်းရွက်စိုက်ခင်း အတွင်း၌ ကျင်းပသည်။

 


ဝိုင်းမော်မြို့နှင့်  မိုင်းနားကျေးရွာအုပ်စုအတွင်း မှ    ဟင်းသီးဟင်းရွက်ထုတ်လုပ်သူများအသင်းဝင် တောင်သူများအတွက် စိုက်ပျိုးချိန်အမီ မြေသြဇာ အိတ်များ ထောက်ပံ့ပေးအပ်ရာတွင် ကချင်ပြည်နယ်  ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူတိုင်းဘေးကင်း လုံခြုံပြီး အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက် များ   စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက်   ယနေ့ ပေးအပ်မည့် မြေသြဇာများအပြင် သဘာဝဓာတ်မြေ  သြဇာများကိုလည်း    ထည့်သွင်းအသုံးပြုနိုင်ရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊     ထို့အပြင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူ တောင်သူ များ၏ လိုအပ်ချက်များကို အသင်းနှင့်အတူ ညှိနှိုင်း ပေါင်းစပ်၍   ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ထို့နောက်        ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးလွင်က  မြေသြဇာများ ထောက်ပံ့ ပေးအပ်ရခြင်းနှင့် စားနပ်ရိက္ခာဘေးကင်းလုံခြုံရေး အတွက် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်း များ (GAP)    ပညာပေးသင်တန်း    ဖွင့်လှစ်ရခြင်း နှင့်   စပ်လျဉ်း၍    ရှင်းလင်းတင်ပြပြီး    ပြည်နယ် ဝန်ကြီးချုပ်နှင့်    ပြည်နယ်ဝန်ကြီးများက    ဟင်းသီး ဟင်းရွက်    စိုက်ပျိုးထုတ်လုပ်သူ     တောင်သူများ  အတွက် ဓာတ်မြေသြဇာအိတ် ၅၀ ကို ထောက်ပံ့ ပေးအပ်သည်။

 


ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊   ပြည်နယ် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိများက ဟင်းသီး ဟင်းရွက်စိုက်ပျိုးသူ တောင်သူများအား စိုက်ပျိုးရေး  နည်းပညာဖြန့်ဝေပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးရေ လုံလောက်မှုရှိစေရေး    စက်ရေတွင်းများ   တူးဖော် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကုန်ထုတ် လမ်းနှင့် လျှပ်စစ်မီးရရှိရေး စီမံဆောင်ရွက်ထားရှိမှု များကို   ရင်းနှီးပွင့်လင်းစွာ ချပြရှင်းလင်းဆွေးနွေးခဲ့သည်။

 


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုး ရေးဦးစီးဌာနမှ  တောင်သူအသိပညာပေး  သဘာဝ အပင်အားတိုးဆေးပြုလုပ်မှု၊ အီးအမ် - ၅ (ပိုးမွှား ရောဂါကာကွယ်ဆေး) ပြုလုပ်သုံးစွဲနည်း၊   သီးနှံ အလိုက်  သင့်တော်သည့်   မြေအချဉ်/ အငန်တန်ဖိုး  တိုင်းတာခြင်းလုပ်ငန်းများ၊    စူပါအီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်နည်းအဆင့်ဆင့်တို့နှင့် ပတ်သက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၏ ရှင်းလင်း ပြသမှုများကို    လှည့်လည်ကြည့်ရှု     အားပေးကြသည်။


ပြည်နယ်(ပြန်/ဆက်)