
နေပြည်တော် နိုဝင်ဘာ ၆
ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီနယ်မြေအတွင်း အသစ်ခန့်အပ်သည့် အခြေခံပညာ ထက်၊ လယ်၊ မူ၊ ဆရာ ဆရာမများအတွက် နေပြည်တော်ကောင်စီမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က(၆) နေပြည်တော်တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က အမှာစကား ပြောကြား၍ အသစ်ခန့်အပ်သည့် အခြေခံပညာ ထက်၊ လယ်၊ မူ ဆရာ ဆရာမ ၈၄ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ၁၆၈၀၀၀၀ ကို တာဝန်ရှိသူတစ်ဦး ထံသို့ ပေးအပ်ခဲ့သည်။
ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီနယ်မြေ အတွင်း အသစ်ခန့်အပ်သည့် ဆရာမများအနက် အထက်တန်း ပြ ၂၄ ဦးသည် စစ်ကိုင်းပညာရေး တက္ကသိုလ်တွင် နိုဝင်ဘာ ၈ ရက်မှ စ၍ တစ်လတာ သင်တန်း တက်ရောက်ရမှာဖြစ်ပြီး အလယ် တန်းပြ ၁၄ ဦးနှင့် မူလတန်းပြ ၄၆ ဦးတို့သည် တောင်ငူပညာ ကောလိပ်တွင် တစ်လတာ သင်တန်း တက်ရောက်ရမှာဖြစ် ကြောင်း၊ သင်တန်း၏ ပထမပတ် တွင် စီမံရေးရာ၊ ဘဏ္ဍာရေးရာနှင့် ဝန်ထမ်း စည်းမျဉ်းစည်းကမ်း များကို သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ ကျန်ရှိသည့် သုံးပတ် တွင် Educational Psychology, Educational Theory နှင့် Educa- tional Methodology ပညာရေး ဘာသာရပ်ကြီးများကို သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရ သည်။
မင်းမင်းလတ် (မန်းတက္ကသိုလ်)