ပန်းဆိုးတန်း-ဒလ ချယ်ရီကူးတို့‌ရေယာဉ် အခေါက်ရေတိုးချဲ့ပြေးဆွဲ

 

ရန်ကုန်   နိုဝင်ဘာ  ၅


ရန်ကုန်မြို့  ပန်းဆိုးတန်း-ဒလ   ‌ပြေးဆွဲနေသော   ချယ်ရီကူးတို့‌ ရေယာဉ်ကို          အများပြည်သူ သွားလာ ရေး            အဆင်‌ပြေစေရေး အတွက် အခေါက်ရေ ၃၂‌ ခေါက် အထိ တိုးချဲ့‌ပြေးဆွဲနေကြောင်း   ပြည်တွင်း‌ရေကြောင်းပို့ဆောင် ရေး မြစ်၀ကျွန်း‌ပေါ်ဌာနခွဲမှ    သိရ သည်။

 

   
‘‘ကိုဗစ်-၁၉ရောဂါ     ကူးစက် မှု‌   လျော့နည်းလာတဲ့အတွက် သင်္ဘောစီးတဲ့ ခရီးသည်များလာ တယ်။  ရုံးဖွင့်ရက်မှာ ၃၂‌ ခေါက် နဲ့ ရုံးပိတ်ရက်‌တွေမှာ ၂၄‌  ခေါက် အထိ        တိုးမြှင့်‌ပြေးဆွဲပေးနေ ပါတယ်။‌    ရောဂါကူးစက်မှုအခြေ အနေ   တည်ငြိမ်ပြီဆို‌ပေမယ့် တစ်ဦးနဲ့တစ်ဦး   ခပ်ခွာခွာစီးဖို့၊ နှာ‌ခေါင်းစည်းတပ်ဖို့နဲ့လက်ဆေး ဖို့   အမြဲဆော်ဩပေးနေပါတယ်’’ ဟု မြစ်၀ကျွန်း‌ပေါ်ဌာနခွဲမှ တာ၀န် ရှိသူတစ်ဦးက‌ ပြောသည်။ 

 


အဆိုပါ ပန်းဆိုးတန်း- ဒလ‌ ရေယာဉ်ကို   ခရီးသည်များ  ပိုမို အဆင်‌ပြေစွာ    သွားလာနိုင်‌ရေး အတွက်‌ အောက်တိုဘာ ၂၈ ရက် မှစ၍ အစိုးရရုံးဖွင့်ရက်များတွင် ယခင်အခေါက်ရေ ၃၀‌ ပြေးဆွဲရာ မှ ယခု ၃၂ခေါက်သို့ လည်း‌ကောင်း၊ ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေရက် များတွင် ယခင်အ‌ခေါက်ရေ ၂၀ မှ ယခု ၂၄‌ ခေါက်သို့ လည်းကောင်း    တိုးမြှင့်‌ပြေးဆွဲပေးနေခြင်း    ဖြစ် သည်။‌ ရေယာဉ်စီးနင်းမှုအ‌နေဖြင့် ပုံမှန်အတိုင်းတစ်ဦးလျှင်‌ ငွေကျပ်   ၁၀၀ သာ‌ ကောက်ခံ‌နေပြီး လူစု၊ လူ‌ဝေးမဖြစ်ပေါ်စေရန်‌ ရေယာဉ် များကို သတ်မှတ်ကြာချိန်အတိုင်း‌ ပြေးဆွဲ‌ပေးနေကြောင်း၊        ကူးတို့‌ ရေယာဉ်ပေါ်၌        လူ‌လေးဦး ထိုင်နိုင်‌သော     ခုံတန်းလျားတွင် အစွန်းနှစ်ဖက်၌         နှစ်ဦးသာ ထိုင်စေပြီး ခပ်ကျဲကျဲသွားလာစေ ရန် အထူးကြပ်မတ်‌   ဆောင်ရွက်‌ ပေးလျက်ရှိ‌ကြောင်း သိရသည်။      

 


စီးပွားရေးမြို့တော် ရန်ကုန် မြို့သို့    ၀င်ထွက်သွားလာရာတွင် တွံတေး၊   ကော့မှူး၊    ကွမ်းခြံကုန်း မြို့နယ်အပါအ၀င်  ဒလမြို့နယ်နှင့်  ဧရာ၀တီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်မှ ပြည်သူများ အတွက် ချယ်ရီကူးတို့ရေယာဉ်ကို အားထားနေရကြောင်း သိရသည်။      

                            
 အာကာစိုး