ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကျင်းပ

 

PR စနစ်ကို ပြောင်းလဲကျင့်သုံးလာပါက လူမျိုးစုငယ်များအပါအဝင် တိုင်းရင်းသားများအနေဖြင့် 
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးစသည့်ကဏ္ဍများတွင် အချိုးကျပါဝင်လာနိုင်မည်

 

နေပြည်တော် နိုဝင်ဘာ ၅


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  နိုင်ငံရေး ပါတီများမှ   ကိုယ်စားလှယ်များ၊   စိတ်ပါဝင်စားသူ များ ပါဝင်သော   ရွေးကောက်ပွဲစနစ်  ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့    ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး   မင်္ဂလာခန်းမ၌    ကျင်းပသည်။

 


ဆွေးနွေးပွဲသို့        ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊     တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့်  တိုင်းဒေသကြီး ဥပဒေချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ         တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊   စိတ်ပါဝင် စားသူများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ          ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက        ၂၀၂၁    ခုနှစ် ဖေဖော်ဝါရီလနှင့်  မေလတို့တွင်    ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ      တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် မြန်မာနိုင်ငံနှင့်သင့်လျော်ကိုက်ညီသည့်   ရွေးကောက် ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက်   ပါတီအများစု က ဆွေးနွေးခဲ့ကြကြောင်း၊ နိုင်ငံရေးပါတီ ၁၆  ပါတီ ကလည်း PR စနစ်နှင့်စပ်လျဉ်းသည့်   စာတမ်းများ ပေးပို့ခဲ့ပြီး မေလထဲ၌   ပြုလုပ်ခဲ့သည့်   ဆွေးနွေးပွဲ ဆုံးဖြတ်ချက်အတိုင်း   ယခုရွေးကောက်ပွဲစနစ်နှင့် စပ်လျဉ်းသည့်     ဆွေးနွေးပွဲပြုလုပ်ရခြင်း ဖြစ်ပါ ကြောင်း၊   ယနေ့တွေ့ဆုံဆွေးနွေးပွဲတွင်   လာမည့် ရွေးကောက်ပွဲအတွက် ပြောင်းလဲလာသည့်  ခေတ် ကာလအခြေအနေအရ   ကျင့်သုံးဆောင်ရွက်သင့် သော ရွေးကောက်ပွဲစနစ်များကို နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့်     စိတ်ပါဝင်စားသူများက  စာတမ်းများကို ဖတ်ကြားဆွေးနွေးသွားမည် ဖြစ်ပါ ကြောင်း။

 


ကမ္ဘာပေါ်ရှိ   နိုင်ငံအသီးသီးတွင်  အမျိုးမျိုးသော နိုင်ငံရေးဆိုင်ရာ  ရွေးကောက်ပွဲစနစ်များနှင့် တူညီမှု မရှိသော    မဲပေးပုံစနစ်များကို    တွေ့ရမည်ဖြစ်ပြီး ထိုသို့သော စနစ်များကို ကျင့်သုံးကြရာတွင် အခြေခံ အနေဖြင့် (၂) မျိုး   တွေ့ရပါကြောင်း၊     ယင်းတို့မှာ မဲများသူ အနိုင်ရသည့်စနစ် FPTP နှင့်   အချိုးကျ ကိုယ်စားပြုစနစ် PR တို့ဖြစ်ကြောင်း။

 


အထွေထွေရွေးကောက်ပွဲများ


မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ  အခြေခံဥပဒေအရ  ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း    ကျင်းပခဲ့သည့် ပါလီမန် အထွေထွေရွေးကောက်ပွဲများ၊ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၁၉၇၄ ခုနှစ် မှ ၁၉၈၈ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ရွေးကောက်ပွဲများ၊ ၁၉၉၀ ပြည့်နှစ် တွင် ကျင်းပခဲ့သည့်   ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၀၈ ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ကျင်းပခဲ့သည့်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများတွင်  မဲများသူ အနိုင်ရတဲ့စနစ် (FPTP) ကိုသာ   ကျင့်သုံးခဲ့ပြီး   နိုင်သူအကုန်ယူသည့် မဲပေးသော စနစ်နှင့်အတူ  ကြီးပြင်းလာခဲ့သူများဖြစ် သည့်အလျောက် ဤစနစ်ကိုပင်   ဒီမိုကရေစီနိုင်ငံ အများအပြားက ကျင့်သုံးသည်ဟု  မှတ်ယူခဲ့ကြပါ ကြောင်း၊ ပြောင်းလဲခဲ့သည့် ခေတ်ကာလအခြေအနေ အရ   ဒီမိုကရေစီနိုင်ငံအများစုသည်    မဲဆန္ဒနယ် တစ်နယ်တွင် ကိုယ်စားလှယ်တစ်ဦး   ရွေးကောက် သည့် စနစ်မှာ ခေတ်နောက်ကျ၍ မျှတမှုမရှိသဖြင့် နိုင်ငံအများအပြားက ယင်းစနစ်ကို ငြင်းပယ်ခဲ့ကြပြီး အချိုးကျ ကိုယ်စားပြုစနစ်ကို အစားထိုးကျင့်သုံးနေ သည်ကို     တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊     နိုင်သူ  အကုန်ယူစနစ်ဖြင့်  ရွေးကောက်တင်မြှောက်ရာတွင် ထောက်ခံဆန္ဒမဲ    ၅၁   ရာခိုင်နှုန်း         ရရှိသည့် ကိုယ်စားလှယ်လောင်းသည်  အနိုင်ရရှိသဖြင့် ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုခြင်းအခွင့်အရေးကို   ရရှိ သွားပြီး ၄၉ ရာခိုင်နှုန်းရရှိသည့် အခြားကိုယ်စား လှယ်လောင်းသည်  ကိုယ်စားပြုခွင့်  လုံးဝရရှိခြင်း မရှိသဖြင့် ၄၉ ရာခိုင်နှုန်းသော   မဲဆန္ဒရှင်များ၏ မဲများမှာ အဟောသိကံဖြစ်ခဲ့ရကြောင်း၊  အချိုးကျ ကိုယ်စားပြုခြင်းဆိုသည့်     သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်း လူတိုင်းသည်      ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့် အချက်ပင် ဖြစ်ပါကြောင်း။

 


PR စနစ်၏ အားသာချက်များ


PR စနစ်သည်  မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာ သတ်မှတ်၍    ယင်းမဲဆန္ဒနယ်မှ    ရွေးကောက် တင်မြှောက်ရမည့်     ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး      ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ကြောင်း၊  ရွေးကောက်ပွဲတွင် ပါတီအဖွဲ့အစည်းအလိုက်ရရှိသည့် ထောက်ခံဆန္ဒမဲ အပေါ်မူတည်၍   ရွေးကောက်ခံရသည့်  ကိုယ်စား လှယ်ဦးရေကို သတ်မှတ်ပေးသည့်စနစ်လည်း ဖြစ်ပါ ကြောင်း၊ ယင်းစနစ်အရ  တစ်သီးပုဂ္ဂလများလည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး  ယင်းတို့ရရှိသော ထောက်ခံ ဆန္ဒမဲအပေါ်မူတည်၍   ရွေးကောက်တင်မြှောက်ခံ နိုင်ပါကြောင်း၊   PR စနစ်၏ အားသာချက်များမှာ လူဦးရေအချိုးအစားအလိုက်  ညီမျှသော ကိုယ်စား လှယ်  အရေအတွက်ရရှိခြင်း၊  ပါတီများအနေဖြင့် ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ် အရေအတွက် သတ်မှတ်နိုင်ခြင်းကြောင့်  ပါတီငယ် များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီး ပုဂ္ဂလများလည်း အခွင့်အရေးရကြောင်း၊ အခြေခံမဲ အရေအတွက်အလိုက်  ကိုယ်စားလှယ်နေရာ ရရှိနိုင် ၍ တစ်ပါတီကြီးစိုးသောစနစ်  အားနည်းသွားစေ ခြင်း၊ အဟောသိကံဖြစ်သော  မဲများလျော့ပါးစေ၍  ပြည်သူများ၏ဆန္ဒနှင့် အနီးစပ်ဆုံးညီမျှမှုကို ပေးစွမ်း နိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်းစေနိုင်ကြောင်း။ 

 


ပါတီအချင်းချင်းထိန်းညှိနိုင်


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏  အခြေခံ မူများမှာ   စစ်မှန်၍စည်းကမ်းပြည့်ဝသော  ပါတီစုံ ဒီမိုကရေစီစနစ်ကို   ကျင့်သုံးရန်ဖြစ်ပြီး   ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထွေထွေရွေးကောက် ပွဲ နှစ်ကြိမ်ကျင်းပခဲ့ရာ လွှတ်တော်အတွင်း၌ အင်အား ကြီးပါတီတစ်ခုကသာ   အားသာပြီး    အစိုးရဖွဲ့နိုင်ခဲ့ သည်ကို   တွေ့ရှိရကြောင်း၊   ပါတီစုံဖြစ်လာခဲ့လျှင် လွှတ်တော်အတွင်း   အဆုံးအဖြတ်ပေးရာ၌ ညှိနှိုင်း ဆောင်ရွက်ရမှုများကြောင့် ပါတီအချင်းချင်း ထိန်းညှိ နိုင်ခြင်းစသည့်     အားသာချက်များရှိလာမည်ဖြစ် ကြောင်း၊ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုး ပျံ့နှံ့စွာနေထိုင်သည့်  နိုင်ငံဖြစ်ပါကြောင်း၊ ယခုလို PR စနစ်ကို  ပြောင်းလဲကျင့်သုံးလာပါက လူမျိုးစုငယ် များအပါအဝင်   တိုင်းရင်းသားများအနေဖြင့် ဥပဒေ ပြုရေး၊ အုပ်ချုပ်ရေးစသည့်  ကဏ္ဍများမှာ အချိုးကျ ပါဝင်လာနိုင်မည်ဖြစ်၍    ပိုမိုပြီးမျှမျှတတ ရှိလာမည် ဖြစ်ကြောင်း ပြောကြားသည်။

 


ရှင်းလင်းဆွေးနွေး


ယင်းနောက်      ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးက အချိုးကျကိုယ်စားပြု စနစ် ကျင့်သုံးဆောင်ရွက်နိုင်ရန်အတွက် လွှတ်တော် သုံးရပ်လုံးတွင်     မဲဆန္ဒနယ်ခွဲဝေခြင်းအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ     ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို  အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ရာ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးဌေးကျော်က  ကော်မရှင်မှ ရှင်းလင်းတင်ပြချက်များသည် ပြီးပြည့်စုံ သဖြင့် ထပ်မံဆွေးနွေးရန် မရှိကြောင်းနှင့်  သဘောတူ ပါကြောင်း၊    ပြည်သူ့ရှေ့ဆောင်ပါတီမှ   ဒေါက်တာ မျိုးဆက်သွေးက  ကော်မရှင်အဖွဲ့ဝင်   ဦးသန်းစိုး ရှင်းလင်းသည့်      အချိုးကျကိုယ်စားပြုစနစ်တစ်ခု ဖြစ်သည့် Closed List နှင့်   စတင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲကာလ သက်တမ်းနှစ်ခု ဖြတ်သန်းပြီးမှ Open List ကို သွားသင့်ပါကြောင်း။

 


မဲမသမာမှု လျော့နည်းသွားနိုင်


ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီမှ ဦးမျိုးညွန့်က PR စနစ်ပြောင်းလဲကျင့်သုံးခြင်းကို   ကြိုဆိုကြောင်း နှင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အာဏာသုံးရပ်ကို    ဆောင်ရွက်နိုင်သည့်အတွက် ဥပဒေပြင်ဆင်ရေးများကို ရဲရဲဝင့်ဝင့် ဆောင်ရွက်စေ လိုပါကြောင်း၊ နောင်ကျင်းပမည့်  ရွေးကောက်ပွဲများ တွင် PR စနစ်ကို   ပြောင်းလဲသင့်ကြောင်းနှင့် PR စနစ်နှင့်  ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆိုပြုချက်ကို   ထောက်ခံကြောင်း၊ စာတမ်းရေးသားတင်ပြထားပါကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ          ဦးလှသိန်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရှင်းလင်း ချက်နှင့် မိမိတို့ပါတီအဆိုပြုတင်ပြချက်မှာ   မဲဆန္ဒ နယ်ခွဲဝေမှုတွင်သာ  အနည်းငယ်ကွဲလွဲမှုရှိပါကြောင်း၊  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်း အိုက်ပေါင်းက    PR စနစ်   ပြောင်းလဲကျင့်သုံးပါက မဲမသမာမှု  လျော့နည်းသွားနိုင်ကြောင်းနှင့် တစ်နိုင်ငံ လုံးကို      မဲဆန္ဒနယ်တစ်နယ်အဖြစ်   သတ်မှတ် ဆောင်ရွက်ခြင်း မပြုစေလိုကြောင်း၊    အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဌာနမှ PR စနစ်နှင့်စပ်လျဉ်းသည့်   ဆွေးနွေးချက် များနှင့်      ပေါင်းစပ်ဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးခဲ့ကြသည်။

 


ပြည်ထောင်စု    ရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို နိုဝင်ဘာ ၆ ရက် တွင် ဒုတိယနေ့အဖြစ်   ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး အခမ်းအနားသို့  နိုင်ငံရေးပါတီ ( ၅၃ ) ပါတီမှ ကိုယ်စားလှယ် ( ၉၃)ဦး၊ စိတ်ပါဝင်စား၍ တက်ရောက် သူ အရပ်ဘက်ကိုယ်စားလှယ် (၂၀) စုစုပေါင်း (၁၁၃) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 


  သတင်းစဉ်