ထန်းတပင်မြို့နယ်တွင် ကျောင်းသား ကျောင်းသူ ၁၀၀၀၀ နီးပါး တက်ရောက်ပညာသင်ကြားနေ

 

ထန်းတပင် နိုဝင်ဘာ ၄


ရန်ကုန်မြောက်ပိုင်းခရိုင်   ထန်း တပင်မြို့နယ်၌     အခြေခံပညာ ကျောင်း ၁၄၉ ကျောင်း၊ ကိုယ်ပိုင် ကျောင်းခြောက်ကျောင်းနှင့် ဘုန်း တော်ကြီးသင်ပညာရေး ကျောင်း နှစ်ကျောင်းတို့ကို  နိုဝင်ဘာ ၁ ရက်မှစတင်၍  ဖွင့်လှစ်သင်ကြား လျက်ရှိရာ  ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူ  ၂၅၄၃၈ ဦးရှိသည့်အနက်  နိုဝင်ဘာ ၃ ရက် တွင်  ကျောင်းသား ကျောင်းသူ ၉၉၃၅ ဦး  တက်ရောက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ    သိရသည်။

 


ကျောင်းအလိုက်    ကျောင်း အပ်နှံမှုနှင့်   တက်ရောက်မှုအနေ ဖြင့်  အခြေခံပညာကျောင်း ၁၄၉ ကျောင်းတို့တွင်    အထက်တန်း အဆင့် ၉၇၉ ဦး၊   အလယ်တန်း အဆင့် ၇၂၁၆ ဦးနှင့်     မူလတန်း အဆင့် ၁၆၄၉၉ ဦး      စုစုပေါင်း ၂၄၆၉၄ ဦး အပ်နှံပြီး   တက်ရောက် သည့်ဦးရေမှာ   ၉၅၄၇ ဦး     ဖြစ် သည်။  ကိုယ်ပိုင်ကျောင်းခြောက် ကျောင်းတွင်  အပ်နှံထားသူ ၄၆၀ ရှိပြီး      တက်ရောက်သူဦးရေမှာ ၃၁၆ ဦးဖြစ်ကာ     ဘုန်းတော်ကြီး သင်  ပညာရေးကျောင်းများတွင်  အပ်နှံသူ ၂၈၄ ဦးနှင့် တက်ရောက် သူ ၇၂ ဦးရှိသည်။ 

 


မြို့နယ်အတွင်း      စာသင် ကျောင်းများ     ဖွင့်လှစ်ရာတွင် ကိုဗစ်-၁၉     ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိ သလို ကျောင်းသား  ကျောင်းသူ များ အေးချမ်းပျော်ရွှင်စွာ  ပညာ သင်ကြားနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ များ၊   မြို့နယ်အခြေခံပညာဦးစီး ဌာနမှ       တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာ  အုပ်ချုပ်ရေး အဖွဲ့များမှ       တာဝန်ရှိသူများ က   ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဇင်မင်းထိုက်(ထန်းတပင်)