
မကွေး နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး ကလေး အလုပ်သမား ပပျောက်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို နိုဝင်ဘာ ၂ ရက်က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာ စကား ပြောကြားသည်။
ကလေးအလုပ်သမား
ပပျောက်ရေး
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက် ရေးဆိုင်ရာ လုပ်ငန်းကော်မတီ နာယက ဦးတင့်လွင်က နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သည် ကလေးအလုပ်သမားများ အပေါ် အကျိုးသက်ရောက်မှု ရှိသည်ကို တွေ့ရှိရကြောင်း၊ ကလေးအလုပ်သမား အများစု သည် ကောင်းစွာပညာမသင် ကြားရဘဲ ပညာရေးနိမ့်ပါးသူများ ဖြစ်သည်ကို တွေ့ရှိရပြီး ကလေး အလုပ်သမား ပပျောက်ရေးသည် နိုင်ငံတိုင်း အလေးထားဖြေရှင်း ရမည့် ကိစ္စများဖြစ်ကြောင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ် အခွင့်အရေးများ နှင့် ပတ်သက်သည့် ဥပဒေပြဋ္ဌာန်း ချက်များကို ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီနှင့်အတူ အမျိုးသား အဆင့်ကော်မတီ (၈) ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဦးဆောင်ဖွဲ့စည်းထားပြီး တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး ကလေးအလုပ် သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ (၈) ရပ် အနေဖြင့် ၂၀၂၁ ခုနှစ် အောက်တို ဘာလမှ မတ်လအထိ ခြောက်လ တာကာလအတွင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ တင်ပြ ထားမှုကို ခွင့်ပြုငွေချထားပေး ပြီးဖြစ်ကြောင်း၊ လုပ်ငန်း ဆပ်ကော်မတီအဖွဲ့များ အနေဖြင့် လည်း မိမိတို့ သက်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များကို ထိရောက်အောင်မြင် စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပြီး ဆပ် ကော်မတီအချင်းချင်း ပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ပြော ကြားသည်။
ရှင်းလင်းဆွေးနွေး
ဆက်လက်၍ တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီး၊ တိုင်း ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးစိုးပိုင်မြင့်က ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးပြီး တိုင်း ဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌများက မိမိ တို့ သက်ဆိုင်ရာ ကော်မတီ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ကို ဆွေးနွေးတင်ပြကာ လုပ်ငန်း ဆပ်ကော်မတီများ၏ တင်ပြချက် များအပေါ် တိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီနာယကက လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြောင်း သိရသည်။
မောင်ညီညာ(မကွေး)