တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ

 

နေပြည်တော်   နိုဝင်ဘာ    ၄    


တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့ နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုး မရွေး ဘာသာမရွေး အသက် ၅၅ နှစ်အထက်  ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ် အထက်    အခြေခံပညာအလယ်တန်းနှင့်     အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ  ဆေးအဖွဲ့များ၊   ပြည်သူ့ဆေးရုံများမှ   ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်  စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

 


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့နှင့်သီပေါမြို့တို့၌ ဒေသခံပြည်သူ ၁၀၆၀၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့၌ သံဃာတော် ၂၁ ပါး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ မြို့နယ် လေးမြို့နယ်တို့၌  ဒေသခံပြည်သူ ၂၇၈၅ ဦး၊ မွန် ပြည်နယ်နှင့်   ကရင်ပြည်နယ်အတွင်းရှိ   မြို့နယ်  လေးမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၁၈၀၊  တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် သုံးမြို့နယ်၌   ဒေသခံပြည်သူ ၁၇၄၉ ဦး၊   ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်နှင့် ရန်ကင်းမြို့နယ်တို့၌ ဒေသခံပြည်သူ ၁၆၅၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ   မြို့နယ် ၂၆ မြို့နယ်တို့၌   ဒေသခံပြည်သူ ၂၈၅၂၁ ဦး၊ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ငါးမြို့နယ်တို့၌ ဒေသခံ ပြည်သူ ၇၃၈၀၊ စစ်ကိုင်းတိုင်းဒေသကြီး   ဆားလင်းကြီးမြို့နယ်၌ ဒေသခံပြည်သူ ၁၃၀၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင် ခုနစ်ခရိုင်မှ ဒေသခံပြည်သူ ၉၅၄၀ တို့ကို တပ်မတော်မှဆေးအဖွဲ့များက ပြည်သူ့ ဆေးရုံများမှ ဆရာဝန်များ၊  သက်ဆိုင်ရာ  ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

 


ထို့အတူ ကျောင်းသား ကျောင်းသူများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၀၀၀၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်တို့၌ ကျောင်းသား ကျောင်းသူ ၃၃၉၄ ဦးနှင့် ပဲခူးတိုင်းဒေသကြီး  ထန်းတပင်မြို့နယ်၌ ကျောင်းသား ကျောင်းသူ ၁၀၈၀ တို့ကို တပ်မတော်မှ ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်း များ၊ စေတနာ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ ကိုဗစ်- ၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။

 


ထိုသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး   လိုအပ်သည်များ  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                  

သတင်းစဉ်