ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

 

မိုးမိတ်    နိုဝင်ဘာ   ၄ 


လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန       ရှမ်း ပြည်နယ် (မြောက်ပိုင်း) မိုးမိတ် ခရိုင် မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ  ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေး    ကတ်ပြား များကို    ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိရာ    နိုဝင်ဘာ  ၄  ရက် နံနက် ၁၀ နာရီက လက်ခုတ်တန်း ရပ်ကွက်    မြို့မကချင်နှစ်ခြင်း အသင်းတော်ခန်းမတွင် ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့ သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား များနှင့်     အိမ်ထောင်စုလူဦးရေ စာရင်းများကို      ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ထံ  တာဝန်ရှိသူ များက        လွှဲပြောင်းပေးအပ်ခဲ့ ကြောင်း သိရသည်။

 


ထို့နောက် ခရိုင်စီမံအုပ်ချုပ် ရေး အဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား  ဦးစီးဌာနမှ    ဒုတိယညွှန်ကြား ရေးမှူး     ဦးဌေးအောင်  တို့က ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများထံ    နိုင်ငံသား စိစစ်ရေး     ကတ်ပြားများနှင့် အိမ်ထောင်စု      လူဦးရေစာရင်း များကို  ပေးအပ်ခဲ့ကြောင်း  သိရသည်။

 


လူဝင်မှု       ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား    ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ      မြို့နယ် ဦးစီးမှူး       ဦးနေလင်းအေးနှင့် ဝန်ထမ်းများက  ပန်းခင်းစီမံချက် အရ   နိုင်ငံသားတိုင်းကိုင်ဆောင် သင့်သော        ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး  ရည်ရွယ်ချက် ဖြင့်      ရပ်ကွက်/ကျေးရွာများ အရောက် ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စည်သူဌေး (ပြန်/ဆက်)