အင်္ဂပူမြို့နယ်၌ ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

 

အင်္ဂပူ   နိုဝင်ဘာ  ၄


ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်  ကွင်းကောက် (မြောက်)ဒေသ အသက် ၁၂ နှစ်နှင့်အထက်  ကျောင်းသား ကျောင်းသူ များအား ယမန်နေ့က  ကိုဗစ်-၁၉ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

 


အဆိုပါ ကာကွယ်ဆေးထိုးရာသို့   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲ့ဝင်များနှင့်    မြို့နယ် ပညာ‌ရေးမှူး ဦးလှထွဋ်တို့က  ကျောင်းသား     ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံမှုများကို  ကြည့်ရှုအားပေးပြီး  အောင်ချမ်းသာ ကိုယ်ပိုင်အထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း​အဆင့် ၁၂  နှစ်နှင့်အထက် အမျိုးသားငါးဦး၊ အမျိုးသမီး ၁၁ ဦး   စုစုပေါင်း ၁၆ ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။  နိုဝင်ဘာ ၂ ရက်အထိ  အင်္ဂပူမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား‌ ကျောင်းသူ ၇၉၉၄ ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။ 

 

မန်းကျော်-အင်္ဂပူ(ပြန်/ဆက်)