နေ့ရက်အလိုက် သမိုင်းဝင်အဖြစ်အပျက်တွေကို သိရှိနိုင်မယ့် On this day အက်ပလီကေးရှင်း

 

ဒီနေ့ နိုဝင်ဘာ ၄ ရက်ဟာ ပေါ်တူဂီ ဂန္ထဝင်ဘောလုံးသမား လူးဝစ်ဖီဂိုရဲ့  အသက် ၄၉ နှစ်ပြည့်မွေးနေ့ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ  ဘာရက် အိုဘားမား ၂၀၀၈ ခုနှစ်က ရွေးကောက်ပွဲနိုင်ပြီး သမ္မတဖြစ်လာတဲ့နေ့ ဖြစ်ပါတယ်။ ပနားမားနိုင်ငံရဲ့ နိုင်ငံတော်အလံနေ့လည်း ဖြစ်ပါတယ်။ 

 


ဒီနေ့ဟာ ဘယ်နိုင်ငံတွေရဲ့ ဘယ်လိုအထိမ်းအမှတ်နေ့တွေ သို့ မဟုတ်  အားလပ်ရက်တွေဖြစ်တယ်၊   ဒီနေ့မှာ   ကမ္ဘာကျော်အဖြစ် အပျက်တွေ   ဘာတွေဖြစ်ခဲ့တယ်၊   လူသိများ   ထင်ရှားသူတွေထဲက ဘယ်သူတွေ  မွေးဖွားခဲ့တယ်၊   သေဆုံးခဲ့တယ်   ဆိုတာတွေကို ဖုန်းကနေတစ်ဆင့် နေ့တိုင်းသိရှိနိုင်ဖို့ On this Day အက်ပလီကေးရှင်းကို သုံးနိုင်ပါတယ်။ ဒီအက်ပလီကေးရှင်းထဲမှာ  အထက်ပါ  အချက်အလက် တွေကို ဆယ်စုနှစ်အလိုက်၊  ရာစုနှစ်အလိုက်  ပုံတွေနဲ့တကွ  ကြည့်ရှု နိုင်ပြီး အသေးစိတ်သိချင်တဲ့ အချက်အလက်တွေရှိရင်လည်း တိုက်ရိုက် သွားကြည့်နိုင်မယ့် Link တွေ ပါဝင်ပါတယ်။ On this Day ဆိုပေမယ့် လက်ရှိရောက်နေတဲ့ရက်တင်မဟုတ်ဘဲ   ပြက္ခဒိန်ပေါ်က ကြိုက်ရာ ရက်ကို ထောက်ပြီးတော့လည်း ကြည့်ရှုနိုင်ပါတယ်။ လက်ရှိရောက် နေတဲ့ရက်ကိုတော့ Notification ပါ ပြပေးမှာဖြစ်ပြီး Notification ကို နေ့စဉ် ဘယ်အချိန်မှာ ပြစေချင်တယ်ဆိုတာ ရွေးချယ်ပေးနိုင်ပါတယ်။ 

 


On this Day အက်ပလီကေးရှင်းကို ပလေးစတိုးမှာ On this day.  Historical  calendar  လို့ ရိုက်ရှာပြီး  အခမဲ့  ဒေါင်းလုပ်ရယူနိုင်ပါတယ်။ ဖိုင်ဆိုက်က 4MB လောက်ပဲရှိပြီး အန်းဒရွိုက်ဗားရှင်း 4.1 နဲ့အထက်   ဖုန်းတိုင်းမှာ    အသုံးပြုနိုင်ပါတယ်။   အက်ပလီကေးရှင်းကို အသုံးပြုဖို့ အင်တာနက်လိုင်းကိုတော့ လိုအပ်မှာဖြစ်ပါတယ်။          

ကျော်ဇင်ဦး