ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် ၄၅ ပေ x ၁၅ ပေ ကြော်ငြာဘုတ်ကြီးများအား ငှားရမ်းခနှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းသွားမည်

 

ရန်ကုန်   နိုဝင်ဘာ  ၃


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင်  ၄၅ ပေ x ၁၅ ပေ ကြော်ငြာဘုတ်ကြီးများအား   ငှားရမ်းခနှုန်းထား၏  ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

 


အဆိုပါ ကြော်ငြာဘုတ်ကြီးများတွင်  လုပ်ငန်းရှင်များ၏ စီးပွားရေး ကြော်ငြာများ တပ်ဆင်ကြော်ငြာနိုင်ရန်အတွက် နေရာအမျိုးအစားပေါ် မူတည်၍ ငှားရမ်းခနှုန်းထားအသီးသီးဖြင့်  ငှားရမ်းဆောင်ရွက်လျက်ရှိရာ   ယင်း  ၄၅ ပေ x ၁၅ ပေ ကြော်ငြာဘုတ်ကြီးများအား  မူလသတ်မှတ် ငှားရမ်းခ နှုန်းထား၏ ၅၀ ရာခိုင်နှုန်း လျှော့ချငှားရမ်းမည် ဖြစ်ကြောင်း၊  ငှားရမ်းလျှောက်ထားလိုပါက    အသေးစိတ်အချက်အလက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊  စီမံရေးရာဌာနတွင်  စုံစမ်း၍  လျှောက်ထားနိုင်ပြီး  ငှားရမ်းလိုသည့်  ကြော်ငြာဘုတ်အား    မြေပြင်ကွင်းဆင်းကြည့်ရှုကာ    စီမံရေးရာဌာနတွင်   လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများတွင် လည်းကောင်း၊ ငွေသွင်းချလန် ရယူ၍   မြို့တော်ဘဏ်၌  နေ့ချင်းပြီး အခွန်ငွေပေးသွင်း၍ ကြော်ငြာတပ်ဆင်နိုင် ကြောင်း သိရသည်။ 


သတင်းစဉ်