ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို နယ်စပ်ဂိတ် အသီးသီးတွင် ဆက်လက်လက်ခံလျက်ရှိ

 

နေပြည်တော်  နိုဝင်ဘာ  ၃


ပြည်ပနိုင်ငံများမှ    ဝင်ရောက် လာသည့် မြန်မာနိုင်ငံသားများကိုနယ်စပ်ဂိတ်      အသီးသီးတွင် လက်ခံဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက်တွင်  ရှမ်းပြည်  နယ်(မြောက်ပိုင်း)  ချင်းရွှေဟော် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား ၂၈ ဦး၊ အမျိုးသမီး ၁၂ ဦး  စုစုပေါင်း ၄၀ ၊  လောက်ကိုင် မြို့သို့ ပြန်လည်ဝင်ရောက်လာသူ အမျိုးသား နှစ်ဦး၊   အမျိုးသမီး တစ်ဦး  စုစုပေါင်း  သုံးဦးတို့ကို လည်းကောင်း၊ ယနေ့တွင်  ကရင် ပြည်နယ်  မြဝတီမြို့သို့ ပြန်လည် ဝင်ရောက်လာသူ အမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၂၄၇ ဦး  စုစုပေါင်း ၄၉၆ ဦးတို့ကို    လည်းကောင်း လက်ခံခဲ့ကြသည်။ 

 


ထိုသို့          လက်ခံရာတွင် သက်ဆိုင်ရာပြည်သူ့ဆေးရုံများမှ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ များ၊ တပ်မတော်ဆေးတပ်ဖွဲ့ဝင် များက  ကိုဗစ် - ၁၉ ရောဂါစစ်ဆေး ပေးခြင်း၊ Quarantine ဝင်ရောက် ရမည့်          အထောက်အထား စာရွက်စာတမ်းများ    ပြုလုပ်ပေး ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်း ပြောကြားခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး တိုင်းစစ်ဌာန ချုပ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ    တာဝန်ရှိသူများ ကလိုအပ်သည်များ   ကူညီဆောင် ရွက်ပေးကြသည်။

 


ထို့နောက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့များက စီစဉ်ဆောင်ရွက် ပေးသည့်         ခရီးသည်တင်    မော်တော်ယာဉ်များဖြင့် ၎င်းတို့ နေရပ်အသီးသီးသို့        လိုက်လံ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ရောဂါ ပိုးတွေ့ရှိသူများကို  သက်ဆိုင်ရာ နေရာများတွင် သီးသန့်ထားရှိ၍ လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ များနှင့်   အုပ်ချုပ်မှုဆိုင်ရာကိစ္စ ရပ်များကို    အဆင်ပြေချောမွေ့ အောင်   ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

သတင်းစဉ်