တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေးကျင်းပ

 

နေပြည်တော်  နိုဝင်ဘာ  ၃


တိုင်းရင်းသားရေးရာ၊  ပြည်သူ့ ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင် မှုရေးရာ ကော်မတီအစည်းအဝေး (၁၅/၂၀၂၁)ကို    ယနေ့    မွန်းလွဲ   ၂  နာရီတွင်     နေပြည်တော်ရှိ ကာကွယ်ရေး             ဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌     ကျင်းပ သည်။

 


အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်း ဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာ ဗညားအောင်မိုး၊ ပြည်ထောင်စု ဝန်ကြီးများ          ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဒေါက်တာသက်သက် ခိုင်နှင့်  ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊  အမြဲတမ်း အတွင်းဝန်များ၊   ညွှန်ကြားရေး မှူးချုပ်များနှင့်  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အစည်းအဝေးတွင် တိုင်းရင်း သားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့် ခွဲမှုနှင့်           ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင် ကာကွယ် ရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက အဖွင့်အမှာစကား    ပြောကြား သည်။
ထို့နောက်   တိုင်းရင်းသား ရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲ မှုနှင့်             ဝန်ဆောင်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဒုတိယ ဝန်ကြီး     ဦးဇော်အေးမောင်က အစည်းအဝေးအမှတ်စဉ်      (၁၄/ ၂၀၂၁)အစည်းအဝေး       ဆုံးဖြတ် ချက်များနှင့်   ဆောင်ရွက်ထားရှိမှု အခြေအနေများကို        ရှင်းလင်း တင်ပြသည်။

 


ယင်းနောက်   အစည်းအဝေး သို့       တက်ရောက်ကြသည့်     ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေး မှူးချုပ်များနှင့်       တာဝန်ရှိသူများ က ကော်မတီသို့  ပြည်ထောင်စု ဝန်ကြီးဌာနများမှ   ပေးပို့တင်ပြ လာသည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက်   ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍      ကော်မတီ ဥက္ကဋ္ဌက   ပြည်ထောင်စုဝန်ကြီး ဌာနများမှ    တင်ပြလာသည့်  အမှာစာကိစ္စရပ်များကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊  စီမံခန့်ခွဲ ရေး  ကော်မတီအစည်းအဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ်များ နှင့်  ကော်မတီ၏အဆုံးအဖြတ် ဖြင့် ဆောင်ရွက်ရန် ကိစ္စရပ်များကို အတည်ပြုသည်။

 


ယင်းနောက် အစည်းအဝေး အမှတ်စဉ်         (၁၄/၂၀၂၁)တွင် ကော်မတီဝင်များ၏      တင်ပြ ဆွေးနွေးချက်များအပေါ် အစည်း အဝေးဆုံးဖြတ်ချက်ပါ ဆောင်ရွက် ရန်ကိစ္စနှင့်           ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနများ၏ ဆောင်ရွက်ပြီးစီးမှု     အခြေအနေ များကို            အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့်   ညွှန်ကြားရေး မှူးချုပ်     ဒေါ်သီတာထွန်းတို့က ပြန်လည်ရှင်းလင်းတင်ပြသည်။

 


ထို့နောက်  ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများ က တိုင်းရင်းသားရေးရာကိစ္စရပ် များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ  ကော်မတီ ဥက္ကဋ္ဌက  ဖြည့်စွက်   ဆွေးနွေး ပြောကြားပြီး    နိဂုံးချုပ်အမှာ စကားပြောကြားကာ   အစည်း အဝေးကို            ရုပ်သိမ်းလိုက်သည်။                    

သတင်းစဉ်